မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့အမျိုးသားယဉ်ကျေးမှုဂုဏ်သိက္ခာနှင့် တန်ဖိုးကို အလေးထားမြတ်နိုးပြီး   ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင် လက်ဆင့်ကမ်း သယ်ဆောင်သွားကြရမည်

နေပြည်တော် အောက်တိုဘာ  ၁၁

(၂၃)    ကြိမ်မြောက်    မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန-၂         ၌  ကိုဗစ်-၁၉    ရောဂါ    ကာကွယ်  ထိန်းချုပ်ရေးဆိုင်ရာ    စည်းမျဉ်း  စည်းကမ်းများနှင့်အညီကျင်းပရာ ပြိုင်ပွဲ  ကျင်းပရေးဦးစီးကော်မတီ နာယက  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်     ဒုတိယဗိုလ်ချုပ် မှူးကြီး    စိုးဝင်း     တက်ရောက် အမှာစကား ပြောကြားသည်။ 

အခမ်းအနားသို့   နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်   ဥက္ကဋ္ဌ၊  ပြည်ထောင်စု     ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်  ပုဂ္ဂိုလ်များ၊  ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ   အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်   အဖွဲ့ဝင် များ၊         ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ကော်မတီဝင် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင် ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊  နည်းပြများ၊ အထောက်အကူပြု များ၊     ပြိုင်ပွဲဝင်   တိုင်းရင်းသား  ညီအစ်ကို      မောင်နှမများနှင့် တာဝန်ရှိသူများ      တက်ရောက် ကြသည်။

နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် က အဖွင့်အမှာစကား  ပြောကြားရာတွင်      မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၂၀၁၆ ခုနှစ် တွင် (၂၂)  ကြိမ်မြောက် ကျင်းပ ပြီးစီးစဉ်ကစ၍        ဆက်လက်  ကျင်းပဆောင်ရွက်နိုင်ခြင်း မရှိခဲ့ သည်မှာ (၅) နှစ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၏  အားပေးချီးမြှောက်မှု၊  အစိုးရ  အဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ကြိုးပမ်းအားထုတ်မှုများ နှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု  အနုသုခုမပညာရပ်များကို မြတ်နိုး ကြသူများ၏ တောင့်တမျှော်လင့် ချက်တစ်ခုဖြစ်ခဲ့သည့်      အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ရှေးယခင်အခါများ            နည်းတူ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အဆင့်မှ      နိုင်ငံတော်  အဆင့်   ပြိုင်ပွဲကြီးအဖြစ်   ခမ်းနား သိုက်မြိုက်စွာ    ပြန်လည်ကျင်းပ နိုင်ခဲ့ပြီဖြစ်ကြောင်း။ 

ယဉ်ကျေးသော      စိတ်သည် ချမ်းသာခြင်းကို  ရွက်ဆောင်နိုင် ၏ဟု        အဆိုအမိန့်ရှိကြောင်း၊ ရိုးရာယဉ်ကျေးမှု၏      ယဉ်ကျေး သော     စိတ်ကို     အခြေခံသော  (၂၃)  ကြိမ်မြောက်   မြန်မာ့ရိုးရာ  ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် နိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ချမ်းသာခြင်းကို     ဆောင်ယူလာ သည့် ပြိုင်ပွဲကြီးတစ်ရပ်ဟု နိမိတ် ကောင်းကိုဆောင်       အဓိပ္ပာယ် ဖွင့်ဆိုနိုင်ကြောင်း။ 

နိုင်ငံ၏ နယ်နိမိတ်အတွင်း၌  တွေ့ရှိခဲ့ပြီးဖြစ်သည့်     ပရိုင်းမိတ် ရုပ်ကြွင်း အထောက်အထားများ အရ  ရှေးနှစ်သန်းပေါင်း  များစွာ ကတည်းက လူနှင့် သက်ရှိသတ္တဝါ  များ၊ သစ်ပင်အစရှိသည့်  ရေမြေ သဘာဝများ  ဖြစ်တည်ခဲ့ပြီးဖြစ် သည်ဟု  ပညာရှင်များက  သတ် မှတ်ထားကြောင်း။ 

အထောက်အထားများခိုင်မာ

နိုင်ငံ၏  နေရာဒေသများစွာ တွင်         ကျောက်ခေတ်နှောင်း၊  ကြေးခေတ်၊ သံခေတ် အစရှိသည့်  သမိုင်းဖြစ်စဉ်များ      ဖြတ်သန်း ပေါ်ပေါက်ခဲ့သည့်     အထောက် အထားများလည်း အခိုင်အမာရှိပြီး ဖြစ်ကြောင်း၊ လူအများစုဖွဲ့နေထိုင် ရာမှ       ရေမြေဒေသသဘာဝကို လိုက်၍ သက်ဆိုင်ရာမျိုးနွယ်တူအစုအဝေးများကို အကြောင်းပြု သည့်     ဘာသာစကား၊     ဒေသိယ အသုံးအနှုန်းများအပြင်  ကိုးကွယ် ယုံကြည်မှု၊ ရိုးရာဓလေ့ထုံးတမ်း များ၊           လူ့ယဉ်ကျေးမှုဆိုင်ရာ  အလေ့အထများစွာကို    ပိုင်ဆိုင် ထားရှိခဲ့ကြပြီး ဖြစ်သကဲ့သို့      မြို့၊ ရွာများ သက်ဆိုင်ရာပဒေသရာဇ် နိုင်ငံငယ်များ   ဆင့်ကဲထူထောင် ခြင်း၊ စီးပွားရေးလူမှုရေးသာမက  အုပ်ချုပ်ရေးနှင့်     ကာကွယ်ရေး စွမ်းအားများကိုလည်း     တစ်ဆင့် ပြီးတစ်ဆင့်   တိုးမြှင့်ဆောင်ရွက် ခြင်းများရှိခဲ့ကြောင်း။ 

လူသားတို့ အသက်ရှင်နေထိုင် ရန် အဆင့်ဆင့်ကြိုးပမ်းခဲ့ကြသည့်  အသုံးအဆောင်        ပစ္စည်းများ၊ လက်နက်ကိရိယာများ၊ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ     အထောက် အထားအမှတ်အသားများ၊ ဂူနံရံ ဆေးရေးပန်းချီ၊ အနုသုခုမဆိုင်ရာ တူရိယာပစ္စည်း             အစရှိသည့် အထောက်အထားများကို တစ်ဆင့် ပြီးတစ်ဆင့်     တွေ့ရှိထားပြီးဖြစ် ကြောင်း။ 

ပျူမြို့ပြနိုင်ငံများထွန်းကား

မြန်မာနိုင်ငံ၏        အသက် သွေးကြောသဖွယ်       ဖြစ်သည့် ဧရာဝတီမြစ်ရိုးတစ်လျှောက်  ပျူ မြို့ပြနိုင်ငံများ      ထွန်းကားခဲ့မှု သည်      အစောဆုံး      တွေ့ရသည့် အထောက်အထားများ           ဖြစ် ကြောင်း၊ ပျူခေတ်ဦးကို ပညာရှင် များက ၂ ရာစုဘီစီဟု သတ်မှတ် ခဲ့ကြကြောင်း၊            တကောင်း၊ ဟန်လင်း၊  မိုင်းမော၊  ဗိဿနိုးနှင့် သရေခေတ္တရာတို့သည်    ထင်ရှား သည့်   ပျူမြို့တော်ဟောင်းများ ဖြစ်ကြကြောင်း၊     ပျူတို့သည် ရေသွင်းစိုက်ပျိုးရေး၊       လက်မှု အတတ်ပညာမျိုးစုံ တတ်မြောက် ခဲ့ကြကြောင်း၊     ဒင်္ဂါးသွန်းလုပ်မှု၊  ကျောက်မျက်      အဆင်တန်ဆာ ဖန်တီးမှု၊    ရွှေကို   နန်းခတ်သည့် အတတ်ပညာ၊   စဉ့်အိုး၊    မြေအိုး  လုပ်ငန်းများအပြင် နန်းတော်များ၊  သာသနိက  အဆောက်အုံများနှင့်  နေအိမ်များကို  စနစ်တကျတည်ဆောက်နိုင်ခဲ့ကြကြောင်း၊       ဗုဒ္ဓ ဘာသာကိုလည်း        ကိုးကွယ် ယုံကြည်ခဲ့ကြပြီးဖြစ်ကြောင်း။ 

တူးဖော်မှု အထောက်အထား များအရ သရေခေတ္တရာမြို့ဟောင်း   ဦးခင်ဘကုန်း   က    ဗုဒ္ဓစာပေကို ပျူဘာသာဖြင့် ရေးထိုးထားသည့်  ရွှေပေလွှာ အချပ် ၂၀ ကို တွေ့ရှိခဲ့ ကြောင်း၊ “ယေဓမ္မာ ဟေတုပ္ပဘဝါ” အစချီ ဂါထာများ ပါဝင်ကြောင်း၊  ထို့ပြင် ပျူပန်တျာသည် ကြေးရုပ် ၅ ရုပ်ကိုလည်း ကပြတီးမှုတ်ဟန် များနှင့်အတူ       တူးဖော်တွေ့ရှိရ ကြောင်း၊  အေဒီ-၈၀၂  ခုနှစ်တွင် အိမ်နီးချင်း           တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ သည့် ပျူအနုပညာရှင်များအဖွဲ့၏ တူရိယာ ၂၂ မျိုးနှင့်အတူ အဆင့် မြင့်မားစွာ ဖျော်ဖြေတင်ဆက်နိုင် ခဲ့သည့်    အထောက်အထားများ လည်း   ခိုင်လုံစွာ     ရှိနေခဲ့ပြီဖြစ် ကြောင်း။ 

အနုသုခုမပညာရပ်များ ထွန်းကား

ပျူခေတ်ကိုဆက်ခံသည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင် ရမ်းနှင့် ကုန်းဘောင် အစရှိသည့် ခေတ်အဆက်ဆက်၌     ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုရေးရာ အနုသုခုမပညာရပ်များ အဆင့်ဆင့် ထွန်းကားခဲ့သည်မှာ        ယနေ့ မျက်မှောက်ကာလအထိပင်   ဖြစ် ကြောင်း၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်း သားလူမျိုးပေါင်းစုံ     အတူတကွ စုစည်းနေထိုင်ခဲ့ကြသည့်    နိုင်ငံ  တစ်နိုင်ငံ         ဖြစ်သည့်အတွက်         တိုင်းရင်းသားညီအစ်ကိုမောင်နှမ များ၏    စာပေနှင့်     အနုသုခုမ ယဉ်ကျေးမှုပေါင်း  များစွာသည်  လည်း ပေါကြွယ်ဝစွာတည်ရှိနေဆဲ  ဖြစ်ကြောင်း၊ ယခုနှစ် ကျင်းပမည့် (၂၃) ကြိမ်မြောက် ပြိုင်ပွဲကြီးတွင်  မွန်တိုင်းရင်းသားတို့၏      ရိုးရာ အကကို ပြိုင်ပွဲဝင်တိုင်းဒေသကြီး နှင့်    ပြည်နယ်များက   စုပေါင်း ပါဝင်    ယှဉ်ပြိုင်သွားကြမည်ဖြစ် ကြောင်း။ 

လက်ဆင့်ကမ်းထိန်းသိမ်း

လွတ်လပ်ရေးရပြီး     ၁၉၅၁ ခုနှစ်နှင့်  ၁၉၅၂  ခုနှစ်တွင် နိုင်ငံ တော်ပန်တျာနှင့်    ပန်းချီ၊    ပန်းပု ကျောင်းများကို        ရန်ကုန်နှင့် မန္တလေးမြို့များ၌ စတင်ဖွင့်လှစ်ခဲ့ ကြောင်း၊  ၁၉၉၃  ခုနှစ်မှစတင်၍ အမျိုးသားယဉ်ကျေးမှုနှင့်     အနု ပညာတက္ကသိုလ်များကို ဖွင့်လှစ် နိုင်ခဲ့ကြောင်း၊      ထိုကျောင်းနှင့် တက္ကသိုလ်များ       မဖွင့်လှစ်မီ ကတည်းက      ပညာရှင်ကြီးများ အဆက်ဆက်သည်     ရိုးရာအနု သုခုမပညာရပ်များကို လက်ဆင့် ကမ်းစနစ်ဖြင့် ထိန်းသိမ်းဆင့်ပွား ခဲ့ကြကြောင်း၊ နိုင်ငံ၏ သမိုင်းနှင့် ယှဉ်၍       ပေါ်ပေါက်လာခဲ့သည့်  ရိုးရာယဉ်ကျေးမှုအနုသုခုမ ပညာ ရပ်များကို      ယခုနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         အစိုးရ လက်ထက်အထိ      သမိုင်းပေး တာဝန်တစ်ရပ်အဖြစ်       တာဝန် ကျေပွန်စွာ ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း။ 

ကမ္ဘာ့နိုင်ငံများက       နိုင်ငံ တစ်နိုင်ငံ၏ တန်ဖိုးကို သတ်မှတ် သည့်အခါ အဆိုပါနိုင်ငံ၏ စီးပွား ရေး၊ ပညာရေးနှင့် ကာကွယ်ရေး စွမ်းအားများအပြင် သမိုင်းတန်ဖိုး ကြီးမားသည့် ယဉ်ကျေးမှုရေးရာ  အခန်းကဏ္ဍကိုလည်း ထည့်သွင်း သတ်မှတ်လေ့     ရှိကြကြောင်း၊ မိမိတို့နိုင်ငံသည်   တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏     ရှည်လျား   သည့် ယဉ်ကျေးမှုသမိုင်းကြောင်း  များနှင့်ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း။ 

နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံ့တာဝန်များကို စတင်ထမ်းဆောင်စဉ် ကတည်းက ဦးတည်ချက်    ၉   ရပ်    ချမှတ် တာဝန်ယူ    ဆောင်ရွက်လျက်ရှိ ကြောင်း၊ လူမှုရေးဆိုင်ရာ ဦးတည် ချက်များတွင်     “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏       ဓလေ့ ထုံးတမ်း    အစဉ်အလာများကို လေးစားလိုက်နာပြီး  အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး”            ဟူသည့် ဦးတည်ချက်ကို     အခိုင်အမာ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။ 

ကိုယ်ပိုင်အဖိုးတန်ရတနာများ

ယနေ့စတင်    ကျင်းပမည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးတွင် မြန်မာတို့၏ ကိုယ်ပိုင် အဖိုးတန်   ရတနာများဖြစ်သည့် သီချင်းကြီး၊   သီချင်းခံ၊   အဆို၊ အတီးပြိုင်ပွဲများ၊ ကိုယ်ပိုင်အနု ပညာစစ်စစ်ဖြစ်သည့်      မြန်မာ့ ဆိုင်းဝိုင်းကြီးအပါအဝင် မြန်မာ့ တူရိယာပစ္စည်း တီးခတ်မှုပြိုင်ပွဲ များ၊ ကမ္ဘာသုံးတူရိယာများဖြစ် သည့် စန္ဒရား၊ ဒုံမင်း၊ မယ်ဒလင်၊ တယော၊    ဂီတာ       အစရှိသော တူရိယာများကို မြန်မာသံမြန်မာ ဟန်ဖြင့်     ယှဉ်ပြိုင်တီးခတ်မည့် ပြိုင်ပွဲများ၊ ခေါင်း၊ ခါး၊ ခြေ၊ လက်  အချိုးအဆစ်များနှင့် ငြိမ့်ညောင်း စွာ ကပြကြမည့် အကပြိုင်ပွဲများ၊  မြန်မာအက       အခြေခံဖြစ်သည့် ကဗျာလွတ်အက         ပြိုင်ပွဲများ၊ နှုတ်မှုစွမ်းရည်ပြ ကွက်စိပ်ပြိုင်ပွဲ များ၊ ကမ္ဘာက အလေးအနက်ထား ရသည့်    မြန်မာ့ရုပ်သေးကြိုးဆွဲ  ပညာပြိုင်ပွဲများအပြင် အာရှတိုက်  ဒေသတွင်းနိုင်ငံများက    အမြတ် တနိုးတန်ဖိုးထားကြသည့် ရာမာ ယဏပြိုင်ပွဲကြီးကိုလည်း    မူရင်း ရာမာယဏ          ဇာတ်တော်ကြီး တီးလုံးတီးချက်   အကအလှများ နှင့်အတူ    မြန်မာ့ဇာတ်သဘင် ဆို၊  ငို၊  ပြော  ပညာရပ်များနှင့် ပေါင်းစပ်၍      ထူးကဲစွာယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲ ကြီးသည် ရိုးရာယဉ်ကျေးမှု အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဟု ဆိုသော်လည်း ခေတ်အလျောက်  ပေါ်ထွန်းလာခဲ့သည့် ရသမြောက် ခေတ်ဟောင်းတေးနှင့် ကာလပေါ် တေးများအပြင် အမျိုးဂုဏ်၊ ဇာတိ ဂုဏ်မြှင့်တင်ရေး တေးသီချင်းများ ကိုလည်း ခေတ်နှင့် ယဉ်ပါးသည့် ခေတ်လူငယ်များ သီဆိုယှဉ်ပြိုင် နိုင်ကြရန်    ထည့်သွင်းစီစဉ်ထား ပြီးဖြစ်ကြောင်း။ 

အမျိုးသားယဉ်ကျေးမှုဂုဏ်သိက္ခာ

ဆယ်စုနှစ်            သက်တမ်း ထက်ဝက်ကျော်ခန့် ရပ်နားထား ခဲ့ရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲ၏ အားပေး ချီးမြှောက်မှု၊     ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့်           ဆပ် ကော်မတီများ၏    ကြိုးပမ်းမှုနှင့် ပညာရှင်ကြီးများ   ပံ့ပိုးမှု၊   တိုင်း ဒေသကြီးနှင့်     ပြည်နယ်အစိုးရ အဖွဲ့များ   တက်ကြွစွာ  ပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့်    ယနေ့  အချိန်အခါတွင် ပြန်လည်ကျင်းပ နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပညာရှင်ကြီး များ၊ မျိုးဆက်သစ်ပြိုင်ပွဲဝင်များ  အနေဖြင့်လည်း        မိမိတို့နိုင်ငံ၊  မိမိတို့လူမျိုး၊    မိမိတို့အမျိုးသား ယဉ်ကျေးမှု        ဂုဏ်သိက္ခာနှင့်  တန်ဖိုးကို အလေးထားမြတ်နိုးပြီး  ကမ္ဘာတည်သရွေ့      အဓွန့်ရှည် အောင်   လက်ဆင့်ကမ်း   သယ် ဆောင် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ဖဲကြိုးဖြတ်ဖွင့်လှစ်

ထို့နောက်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး   စိုးဝင်း၊     နိုင်ငံ တော်စီမံအုပ်ချုပ်ရေး    ကောင်စီ အဖွဲ့ဝင်         မန်းငြိမ်းမောင်နှင့် သာသနာရေးနှင့်        ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တို့က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု     အဆို၊ အက၊  အရေး၊  အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို    ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

ယင်းနောက်    (၂၃)  ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ  ဥက္ကဋ္ဌ  သာသနာရေးနှင့်      ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက     ပြိုင်ပွဲကျင်းပရန် စီစဉ်     ဆောင်ရွက်ထားရှိမှုများ နှင့်ပတ်သက်၍          ရှင်းလင်း တင်ပြသည်။

ဂုဏ်ပြုတေးသီချင်းဖျော်ဖြေ

ထို့နောက် အနုပညာရှင်များ  က ဂီတစာဆို အလင်္ကာကျော်စွာ  ဦးမောင်မောင်လတ် ရေးစပ်သီကုံး ထားသော “ထိန်းသိမ်းစို့လေ ရိုးရာ အမွေ” ဖွင့်ပွဲ ဂုဏ်ပြုတေးသီချင်း ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး   ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဝင်များသည် အကဲဖြတ်ပညာရှင် များကို    ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ပြီး    ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့်         လုပ်ငန်း ကော်မတီတို့မှ ကော်မတီဝင်များ နှင့်အတူ     မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။ 

နိုင်ငံတော်ကို ချစ်မြတ်နိုးစိတ်

(၂၃)    ကြိမ်မြောက်    မြန်မာ့ ရိုးရာယဉ်ကျေးမှု   အဆို၊   အက၊ အရေး၊   အတီးပြိုင်ပွဲကို    အမျိုး ဂုဏ်  ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုး သားရေးလက္ခဏာများ မပျောက် ပျက်အောင်   ထိန်းသိမ်းစောင့် ရှောက်ရေး၊   တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေ အနှစ်များ၊ အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ  မပျောက် ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေး၊     အမိနိုင်ငံတော်ကို       ချစ်မြတ်နိုးသည့်   စိတ်ဓာတ်ပိုမို ထွန်းကားလာစေရန်            ရိုးရာ ယဉ်ကျေးမှုအနုပညာများကို  ဖော် ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်       လူငယ်များသို့ လက်ဆင့်ကမ်းပေး နိုင်ရေး၊   ထာဝရငြိမ်းချမ်းရေးကို    ဖော်ဆောင်ရာတွင် ယဉ်ကျေးမှု     ကဏ္ဍမှ အထောက်အကူပြုနိုင်ရေး စသည့် ဦးတည်ချက် (၄) ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း  သတင်း ရရှိသည်။

သတင်းစဉ်