မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော်၊ ၃ ဇွန်

မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန်စီစဉ်ခဲ့သူများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ် (၁၀)စီ ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်နေ ကျော်စွာဝင်း(ခ)မဲလုံး၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တံငါမြောက်ရွာနေ မကျော့ဆုမွန်(ခ)ကျော့ကျော့၊ အမရပူရ မြို့နယ်၊ တောင်ကြီးတိုက်နယ်၊ အရှေ့ဆင်တိုင်ရပ်ကွက်နေ ဒေါ်တင်တင်ညိုနှင့် မနုနုအေးတို့က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တံငါမြောက်ရွာနေ မxxx၊ ၂၅ နှစ်၊ မxxx၊ ၂၃ နှစ်၊ အမရပူရမြို့နယ်၊ တောင်ကြီးတိုက်နယ်၊ အရှေ့ဆင်တိုင်ရပ်ကွက်နေ မxxx၊ ၂၈ နှစ်နှင့် မxxx၊ ၃၈ နှစ်တို့ကို တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားရန်စီစဉ်ခဲ့မှုအား သိန်းနီမြို့မရဲစခန်း (ပ)၂၈/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး လားရှိုးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၁ ရက်တွင် တရားခံ  ကျော်စွာဝင်း(ခ)မဲလုံး၊ မကျော့ဆုမွန် (ခ) ကျော့ကျော့၊ မနုနုအေးနှင့် ဒေါ်တင်တင်ညို တို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်