မိရိုးဖလာအိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် ဝက်လာဖျာ ရက်လုပ်သည့်လုပ်ငန်းမှမိသားစုဝင်ငွေရရှိ

ကျိုက်မရော  မေ  ၁၇

မွန်ပြည်နယ်၊ကျိုက်မရော မြို့နယ်၊ရှင်စောပုရပ်ကွက်၊ထုံးဘိုပိုင်း၌ဒေသတစ်ခု၊ထွက်ကုန်တစ်ခုဆိုသည့်အတိုင်း မိရိုးဖလာ အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သည့် ဝက်လာဖျာ ရက်လုပ်ခြင်းမှမိသားစုနေ့စဉ်ဝင်ငွေရရှိနေကြောင်း သိရသည်။

မိရိုးဖလာ ဝက်လာဖျာရက်လုပ်ခြင်းကို မိဘဘိုးဘွားလက်ထက်ကပင် အိမ်တွင်းမှုလုပ်ငန်းတစ်ခုအနေဖြင့် ရက်လုပ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီးဖြစ်ပြီး ထိုဖျာရက်လုပ်ငန်းဖြင့်ပင် မိသားစုစားဝတ်နေရေး ဖြေရှင်း၍ရကြောင်းလည်း ဝက်လာဖျာရက်လုပ်သည့် ဒေါ်စန်းစန်းမြင့်က ပြောသည်။

“ဝက်လာဖျာတစ်ချပ်ရရှိရန်အတွက် အဓိက ကုန်ကြမ်းကတော့ ဝက်လာပင်များပဲဖြစ်ပါတယ်၊ ဝက်လာပင်ကို လယ်ကွင်းပေါ်ရှိ ကန်သင်းရိုးများနှင့် မြစ်နား၊ချောင်းနားများရှိရိုးများပေါ်၌လည်း အလွယ်တကူနုတ်ယူရရှိနိုင်ပြီး ကိုယ်တိုင်သွားရောက်မနုတ်ယူနိုင်လည်းသူများကို ငှား၍နုတ်ခိုင်းကာ ဝယ်ယူပြီး ရက်လုပ်ရကြောင်း၊ ဝက်လာပင်များကို နုတ်ယူပြီး ခြောက်သွားအောင်နှင့် ဖျာရက်လို့လွယ်ကူအောင် နှစ်ရက်သုံးရက် ခန့်နေလှန်းပေးရကြောင်းလည်း သိရသည်။

ယခုလက်ရှိအခြေအနေတွင် သင်ဖြူးဖျာဆေးကောင်းနေ၍ ဝက်လာဖျာကို အသုံးပြုသူများလာကြောင်း၊ ဝက်လာဖျာသည် နွေ၊ မိုး၊ ဆောင်း ဥတု သုံးပါးလုံး အိပ်ရတာ အဆင်ပြေပြီး လက်ရှိပေါက်စျေးနှုန်းမှာ တရားထိုင်ဖျာအသေးတစ်ချပ်ကို၂၀၀၀ ကျပ်ရပြီး တစ်ယောက်အိပ် လူကြီးဖျာ တစ်ချပ်ဆိုလျင် တစ်သောင်းနှစ်ထောင်မှ တစ်သောင်းခွဲအထိရရှိနေကြောင်း ဝက်လာဖျာ ရက်လုပ်ရောင်းချနေသူ  ဒေါ်မြင့်မြင့်စမ်းက ပြောသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)