Miss & Mrs Summer Global ပြိုင်ပွဲတွင် သရဖူ ရောင်းစားမည်မဟုတ်ဟုဆို 

မန္တလေး ၅ ဇွန်


Miss & Mrs Summer Global ပြိုင်ပွဲတွင် သရဖူ ရောင်းစားမည် မဟုတ်ဟု အဆိုပါပြိုင်ပွဲ၏ နေရှင်နယ် ဒါရိုက်တာ မဇာနည်က ပြောသည်။ 


မန္တလေးမြို့နှင့် အချို့မြို့ကြီးများတွင် Miss ပြိုင်ပွဲ၊ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲများကျင်းပနေပြီး အချို့သော ပြိုင်ပွဲများတွင် သရဖူရောင်းစားမှုများရှိနေသည် ဟု ပြိုင်ပွဲဝင်အချို့ထံမှ သိရသည်။


"ပြိုင်ပွဲမှာ Crown လုံးဝ ရောင်းစားမှာ မဟုတ်ပါဘူး။ ထိုက်သင့်တဲ့သူကို ဒိုင်တွေက ရွေးချယ်ပြီး ပေးမှာပါ'' ဟု မဇာနည်က ပြောသည်။ 


Miss & Mrs Summer Global ပြိုင်ပွဲကို အခုလ ၂၅ ရက်မှာ Hotel Sarkura Princess တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် Miss အယောက် ၂၀၊ အိမ်ထောင်ရှင်အလှမယ် အယောက် ၂၀ ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။ 


ပြိုင်ပွဲဝင်သူများနှင့် ပြိုင်ပွဲတွင် လာရောက်သည့် ဧည့်သည်များအား ရွှေသား ကံစမ်းမဲ ဖောက်ပေးမည် ဖြစ်ကြောင်း သိရသည်။ 


အိမို့မို့ခိုင်