မြိတ် နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁

မြိတ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၂၉ ရက် ညနေ ၆ နာရီတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ တရုတ်တန်းကျေးရွာတွင် မျိုးသန်း(ခ)နောင်တို အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာ ဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ မေ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ မရင်းငယ် ကျေးရွာနေ ထွန်းလင်းအောင် ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ထွန်းလင်းအောင် အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ မေ ၃၁ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ဝက်ဝံဘူတာကျေးရွာ၊ ပိတ်ချင်းမြောင် နန္ဒမူလိုဏ်ဂူမုခ်ဦးအနီးတွင် ငြိမ်းချမ်း(ခ)မနီရမ်း မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်