မြိတ်မြို့ ပြည်သူ့ဆေးရုံ ကိုဗစ်စင်တာသို့ PPE ဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

မြိတ် ဩဂုတ်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ မြိတ်မြို့ပြည်သူ့ဆေးရုံ ကိုဗစ်စင်တာသို့ PPE ဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများကို ဩဂုတ် ၆ ရက် ညနေပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ဆေးရုံ ကိုဗစ်စင်တာတွေမှာ လိုအပ်တဲ့ PPE ဝတ်စုံတွေ၊ နှာခေါင်းစည်းနဲ့ မျက်နှာကာ စတာတွေကို တစ်နေရာ () သိန်းဖိုး လှူဒါန်းတာဖြစ်ပါတယ်။ လှူဒါန်းတာက တစ်ပြည်လုံး အတိုင်းအတာနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းတာဖြစ်ပါတယ်။ တိုင်းအတွင်းမှာလည်း လှူဒါန်းပေးလျက်ရှိပါတယ်ဟု မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံက  ပြောသည်။

 

လှူဒါန်းရာတွင် မြိတ်ပြည်သူ့ဆေးရုံ ကိုဗစ်စင်တာအတွက် PPE ဝတ်စုံ (၃၀) စုံ၊ နှာခေါင်းစည်း (၁၀) ဘူး၊ မျက်နှာကာ (၂၈) ခု၊ ကြက်ဥ (၁၀) ကတ်၊ () လီတာဘူး ရေသန့် (၂၃) ကတ်တို့ကို မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးမှ လှူဒါန်းရာ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက လက်ခံရယူခဲ့သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနမှ အခက်အခဲများဖြစ်လျက်ရှိသည့် ကိုဗစ်စင်တာများအား PPE ဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို ဝန်ကြီးဌာန၏ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်း  သိရသည်။

 

ခိုင်ထူး(မြိတ် ပြန်/ဆက်)

mdn