မြိတ်မြို့ ထားဝယ်ကမ်း ၂ ရပ်၊ စိတ္တလမ်းတွင် မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၃၀ ဇွန်

 

ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်နယ်မြေ၊ ထားဝယ်ကမ်း ၂ ရပ်၊ စိတ္တလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN

Photo- #Myanmar_Fire_Services_Department