မြိတ်မြို့၌ စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲ ကျင်းပ

မြိတ်   ဖေဖော်ဝါရီ    ၂

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြိတ်မြို့ရှိ ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ခရိုင်အားကစားခန်းမနှင့် ဘောလုံးပြိုင်ပွဲကို မြို့မအားကစားကွင်းတို့တွင် ကျင်းပလျက် ရှိသည်။

ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ရှစ်သင်းက ကစားသမား ၄၀ ဖြင့် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ ထို့အတူ အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲကို ခရိုင်လက်ရွေးစင် ဘောလုံးအသင်းနှင့် အလွတ်တန်း ဘောလုံးအသင်း နှစ်သင်း စုစုပေါင်း ဘောလုံးအသင်း သုံးသင်းက ကစားသမား ၅၄ ဦးဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည်။

ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)