မြိတ်မြို့၌ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ကိုလိုနီခေတ် ရုံးအဆောက်အအုံ လေးခုအား တိုင်းဒေသကြီးဝန်ကြီးများ ကြည့်ရှုစစ်ဆေး

မြိတ်  မေ  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ကိုလိုနီခေတ် ရုံးအဆောက်အအုံ လေးခုအား မေ ၂၆ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

အဆိုပါ အဆောက်အအုံများမှာ ၁၉၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့်  အမှတ်(၂) သတ္တုတွင်း လုပ်ငန်းရုံး၊ ၁၉၆၀ ပြည့်နှစ်တွင်တည်ဆောက်ခဲ့သည့် One Stop Service ရုံး(မောရစ်ကောရစ်နေအိမ်)၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် သစ်တောဦးစီးဌာနရုံးတို့ဖြစ်ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အမိန်ကြော်ငြာစာဖြင့် ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ကာ ရှေးဟောင်းအဆောက် အအုံ ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)