မြိတ်မြို့နှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၆ ဖေဖော်ဝါရီ 

 

မြိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ အဏ္ဏဝါလမ်းနေ သန်းထိုက်စိုး (ခ) နူဂျမား၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေး ၂၃၇၅ ပြားနှင့် မြန်မာငွေကျပ် ၁၀ဝ၀ဝ၀ တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု (၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ မြဝတ်ရည်လမ်းနေ ဟိန်းမင်းစိုး၏နေအိမ်ကို ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေး ၉၂ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းနေ ထွန်းမြင့်ထွန်း၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀ နှင့် ဘိန်းဖြူ သုည ဒသမ ဝ၃ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN