မြိတ်မြို့ပေါ်ရှိ ဈေးများတွင် သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ကြရန် အသိပေး ဆော်ဩ၍ စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိ

မြိတ် ဩဂုတ် ၂၈

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပေါ်ရှိ ဈေးများတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ စနစ်တကျလိုက်နာ ဆောင်ရွက်ကြရန်အတွက် ဈေးဆိုင်များ ကြပ်မတ်စစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အော်လံဖြင့် အသိပေး အကြောင်းကြား၍ စစ်ဆေးကြပ်မတ်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဈေးတွေမှာ ဈေးရောင်းချသူတွေကို ကိုဗစ်ရောဂါ ကာကွယ်ဖို့ နှာခေါင်းစည်းတပ်ဆင်ပြီး လက်အိတ် ဝတ်ရမယ်။ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းတွေကိုသာ ရောင်းချရပါမယ်ဆိုပြီး မနက်ပိုင်းတွေမှာ ကွင်းဆင်းပြီး အော်လံနဲ့ အကြောင်းကြားပါတယ်။ ဈေးဝယ်သူတွေ ပြင်ပထွက်ခွာခွင့် ကတ်ပြားရှိ/မရှိ ဈေးရောင်းချသူတွေ သတ်မှတ်စည်းကမ်းချက်တွေ လိုက်နာမှုရှိမရှိ စိစစ်လျက်ရှိပါတယ်။ လိုက်နာဆောင်ရွက်မှု မရှိတဲ့သူတွေကို (၂၁) ရက်ပိတ်သိမ်းပြီး အရေးယူဆောင်ရွက်ဖို့နဲ့ နှာခေါင်းစည်း မတပ်ဘဲ သွားလာသူတွေကို အရေးယူမှုတွေ ဆောင်ရွက်နေပါတယ်ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။

 

mdn

 

ဈေးများတွင် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိသည့် ဈေးရောင်းသူများကို (၂၁) ရက် ဆိုင်ရောင်းချခွင့် ပိတ်သိမ်းသွားမည်ဖြစ်ပြီး နှာခေါင်းစည်း မတပ်ဆင်သည့် ဈေးဝယ်သူများကို ပထမအကြိမ် ဒဏ်ငွေဖြင့် အရေးယူသွားမည်ဖြစ်၍ ဒုတိယအကြိမ်တွင် သဘာဝဘေး စီမံခန့်ခွဲမှုဉပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ကျန်းမာရေး မကောင်းသူများနှင့်  ပြင်ပထွက်ခွာခွင့် ကတ်ပြားမရှိသူများအား ဈေးအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း၊ ပြင်ပထွက်ခွာခွင့် ကတ်ပြားမရှိဘဲ ဈေးအတွင်း ဝင်ရောက်လာပါက ပထမအကြိမ်သတိပေးပြီး ဒုတိယအကြိမ်တွင် သဘာဝဘေး စီမံခန့်ခွဲမှုဉပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

မြိတ်မြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေး () ဈေးနှင့် ပျံကျဈေး () ဈေးရှိပြီ ဈေးများတွင် အခြေခံစားသောက်ကုန်များကို ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြကြောင်း၊ Stay at Home ကာလအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးသူဈေးသားများအား ၎င်းတို့နေအိမ်မှ ဈေးအသွားအပြန် ဆောင်ရွက်ရန်နှင့် ဈေးရောင်းချနိုင်ရန် ဈေးရောင်းချခွင့်စိစစ်ရေး ကတ်ပြား (၅၀၀၀) ကျော်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)