မြိတ်မြို့တွင် မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေများပေးအပ်

မြိတ် ၃၁  ဇူလိုင် 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တောင်ပြိုရွာတွင် ဇူလိုင် ၃၀ ရက် ညပိုင်းက လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် နေအိမ်တစ်လုံး မီးဘေးသင့်ခဲ့ရပြီး မီးဘေးသင့်အိမ်ထောင်စုအား ဇူလိုင် (၃၁) ရက် နံနက် (၁၀)နာရီက  ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မီးဘေးသင့်အိမ်ထောင်စုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ (၁) သိန်းကျပ်၊ လူ(၄)ဦး အတွက် ဆန်ဖိုး (၈၄၀ဝ) ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း (၁၁) မျိုး၊ မိသားစုသုံးပစ္စည်း (၁၃)မျိုး၊ တစ်ကိုယ်ရေသုံးပစ္စည်း (၁) စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အတူ မီးလောင်ကျွမ်းခဲ့သည့်အိမ်နှင့် ကပ်လျက်ရှိသည့်နေအိမ် အမိုးဖျက်လိုက်ရသည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုး ငါးသောင်းနှင့် လူ(၅)ဦးအတွက် ဆန်ဖိုး(၁၀၅၀ဝ)ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း (၁၁) မျိုး၊ တာပေါ်လင်(၂)ပိုင်း တို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )