မြိတ်မြို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဇူလိုင် ၂၈ 
 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၇ ရက် ညနေ ၆ နာရီခွဲတွင် မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်နေ ဟန်လင်းအောင်(ခ)ဟန်လင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တိုးအောင်ကို တွေ့ရှိရပြီး ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ည ၇နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ကန်ဖျား ရပ်ကွက်နေ မြင့်လွင်(ခ)ဆိုင်းဘုတ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၆,၀၀၀ ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)