မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်ပို့ချ

မိတ္ထီလာ စက်တင်ဘာ ၁၄

 

မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ခရိုင် အတွင်းရှိ ပြန်/ဆက်ရုံးဝန်ထမ်းများ ရုံးစာများ  စနစ်တကျ ရေးသားတတ်စေရန်နှင့် ရုံးလုပ်ငန်းများပိုမို အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ရုံးစာရေးသားနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ပို့ချကြောင်း သိရသည်။

 

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက   Zoom Meeting မှတစ်ဆင့် အမှာစကားပြောကြားပြီး သင်တန်းကို ဆက်လက်ပို့ချရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ ဦးစီးအရာရှိများက ရုံးလုပ်ငန်းသုံးလက်စွဲစာအုပ်ပါ ရုံးစာရေးသားနည်းဆိုင်ရာများကို သင်ကြားပို့ချသည်။ အဆိုပါသင်တန်းတွင် မိတ္ထီလာခရိုင်ရုံးနှင့် မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်ရုံးများမှ ဒုတိယဦးစီးမှူး၊ စာထောက်-၃၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး သင်တန်းသူသင်တန်းသား ၁၃ ဦးတက်ရောက်ပြီး သင်တန်းကာလ တစ်ရက်တာ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)