မိတ္ထီလာခရိုင်အတွင်း ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၇၂ ရာခိုင်နှုန်းရှိ

မိတ္ထီလာ ဇွန် ၁၁

၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ မိတ္ထီလာခရိုင်အတွင်းမှ ဝင်ရောက်ဖြေဆိုသူ ၇၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာမြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းဖြေနှင့် အပြင်ဖြေစာရင်းရှိ ၂၆၆၄ ဦး၊ ဖြေဆိုသူ ၂၆ဝ၉ ဦး၊ အောင်မြင်သူ ၁၈၃၃ ဦး၊ အောင်မြင်သူရာခိုင်နှုန်း ၇ဝ ဒသမ ၂၆ ရာခိုင်နှုန်း၊ မလှိုင်မြို့ နယ်တွင် ကျောင်းဖြေနှင့် အပြင်ဖြေစာရင်းရှိ ၁ဝ၇၈ ဦး၊ ဖြေဆိုသူ ၁ဝ၇၂ ဦး၊ အောင်မြင်သူ ၈၉၅ ဦး၊ အောင်မြင်သူရာခိုင်နှုန်း ၈၃ ဒသမ ၄၉ ရာခိုင်နှုန်း၊ ဝမ်းတွင်းမြို့နယ်တွင် ကျောင်းဖြေနှင့် အပြင်ဖြေစာရင်းရှိ ၆၁ဝ ဦး၊ ဖြေဆိုသူ ၅၉၂ ဦး၊ အောင်မြင်သူ ၄၁၄ ဦး၊ အောင်မြင်သူရာခိုင်နှုန်း ၆၉ ဒသမ ၉၃ ရာခိုင်နှုန်း၊ သာစည်မြို့နယ်တွင် ကျောင်းဖြေနှင့် အပြင်ဖြေ စာရင်းရှိ ၉၃၉ ဦး၊ ဖြေဆိုသူ ၉၁၆ ဦး၊ အောင်မြင်သူ ၆၁၇ ဦး၊ အောင်မြင်သူရာခိုင်နှုန်း ၆၇ ဒသမ ၃၆ ရာခိုင်နှုန်းဖြစ်ပြီး မိတ္ထီလာခရိုင်အတွင်း စုစုပေါင်း ကျောင်းဖြေနှင့် အပြင်ဖြေ စာရင်းရှိ ၅၂၉၁ ဦး၊ ဖြေဆိုသူ ၅၁၈၉ ဦး၊ အောင်မြင်သူ ၃၇၅၉ ဦး၊ အောင်မြင်သူရာခိုင်နှုန်း ၇၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်း ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူစာရင်းများကို သက်ဆိုင်ရာ စာဖြေဌာနများတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)