မိတ္ထီလာမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း  ၈၁၆၆၆ ပျိုးထောင်ထားရှိ

မိတ္ထီလာ ဧပြီ ၂၂

 

မိတ္ထီလာမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၈၁၆၆၆ ပျိုးထောင်ထားရှိကြောင်း သိရသည်။

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် ပေါက်ချောင်း ရပ်ကွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ ပျိုးဥယျာဉ်တွင် ယူကလစ်၊ တမာ၊ ဒဟတသင်္ဘောကုက္ကို၊ မြန်မာကုက္ကို၊ ရင်းမာ၊ မဲဇလီ၊ ကျွန်း စသည့် ပျိုးပင်ပေါင်း ၈၁၆၆၆ ပင် ပျိုးထောင် ထားရှိသည်။ အဆိုပါ ပျိုးပင်များထဲမှ ကျေးရွာသုံးစိုက်ခင်း ဧက ၅၀ အတွက် ပျိုးပင်ပေါင်း ၃၃၇၅၀ ပင်၊ အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ စိုက်ခင်းအတွက် ပျိုးပင် ၆၁၀၀၊ အခြားစိုက်ခင်း  ၂၅ ဧက အတွက် ပျိုးပင်ပေါင်း ၃၇၈၁၁ ပင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘက်စုံသုံးစိုက်ခင်း တစ်ဧကအတွက် ပျိုးပင်ပေါင်း ၁၃၆၀ ၊ တစ်အိမ်ထောင် သစ်မာ (၂၀)ပင်အတွက် ပျိုးပင်ပေါင်း ၃၂၀၀၊  တစ်အိမ်ထောင် ကျွန်း(၃)ပင်အတွက် ပျိုးပင်ပေါင်း ၃၄၅ နှင့် ပြည်သူဗဟိုပြုစိုက်ခင်းအတွက် ပျိုးပင်ပေါင်း ၁၀၀၀ တို့ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)