မိတ္ထီလာမြို့တွင် ထမင်းအိုးတည်ရာမှ အပူရှိန်လွန်ကဲပြီး နေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံး

မိတ္ထီလာ ၁၇ မတ်

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အောင်ဇေယျာရပ်ကွက် နယ်မြေ()ရှိ ဦးမျိုးလှိုင်ဦး (၂၄)နှစ်၏ နေအိမ်တွင် ယနေ့ ညနေ ၃ နာရီခန့်က မီးဖိုချောင်အတွင်း ထမင်းပေါင်းအိုးတည်ရာမှ အပူချိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားကာ အနီးရှိ ထရံအား မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ် ၁၂ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းရာသို့ မိတ္ထ္လီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်လွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင် မိတ္ထီလာမြိူ့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်ပါ မီးသတ်တပ်ဖွဲ့ဝင်များ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းဌေးဦးနှင့် တာဝန်ရှိသူများ ရပ်ကွက်သူ ရပ်ကွက်သားများမှ ရေသယ်ယာဉ် () စီး မီးသတ်ယာဉ် ၁၂ စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးအားပေါ့ဆစွာ သုံးစွဲသူ ဦးမျိုးလှိုင်ဦးအား မိတ္ထီလာ မြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းမှ သိရသည်။

 

ဘိုဘို(မလှိုင်)