မိတ္ထီလာ၌ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာ   ဖေဖော်ဝါရီ   ၂

 

မိတ္ထီလာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက ပေါက်ချောင်းရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။

 

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုတွင်တွင် အောင်ဆန်းအသင်းနှင့် ကိုဖြိုး( Group) အသင်းတို့ ယှဉ်ပြိုင်ကစားရာ ၅ ပွဲကစား ၃ ပွဲနိုင်ဖြင့် ကိုဖြိုး(Group) အသင်းက အနိုင်ရ ဗိုလ်စွဲသွားသည်။ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရ ကိုဖြိုး(Group)အသင်း၊ ဒုတိယဆုရ အောင်ဆန်းအသင်းနှင့် တတိယဆုရ ပြည်သာယာအသင်းတို့အား ဆုကလပ်များ၊ ဂုဏ်ပြုဆုငွေများ နှင့် တစ်ဦးချင်း ဆုတံဆိပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။

 

အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးသည်။ အဆိုပါ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကျင်းပခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)