မိတ္ထီလာ၌ ကျောင်းအပ်နှံရေးသီတင်းပတ် ဗီနိုင်းပိုစတာစိုက်ထူပွဲကျင်းပ

မိတ္ထီလာ မေ ၁၉

           

မိတ္ထီလာ၌  ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဗီနိုင်းပွဲစတာစိုက်ထူပွဲကို  မေ ၁၉ ရက် နံနက်ပိုင်းက  အထက (၁) အနီးတွင် ကျင်းပသည်။                

 

အဆိုပါ အထက(၁) ကျောင်းအနီးတွင် ပညာရေးဝန်ကြီးဌာန ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ၊ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်ကြပါစို့၊ ကျောင်းအပ်နှံရေး သီတင်းပတ် ၊  ၂ဝ၂၂ ခုနှစ် မေ လ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ စာတန်းပါ ဗီနိုင်းပိုစတာ ၂ ခုအား ခရိုင်/မြို့နယ် ပညာရေးဌာနက စိုက်ထူသည်။

 

ယင်းကျောင်းအပ်နှံရေး သီတင်းပတ် ဗီနိုင်းပို့စတာ ၂ ခုအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်းကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦး နှင့် ခရိုင်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ကြောင်း သိရသည်။

                                                                                                           

ချမ်းသာ(မိတ္ထီလာ)