မိတ္ထီလာနှင့် မော်လမြိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ  ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၁  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  ဇွန် ၁၀ ရက်  မွန်းလွဲ ၁ နာရီခွဲတွင်  မိတ္ထီလာမြို့၊ ကန်တော်မင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးသွား ကားလမ်းဟောင်းတွင် သိန်းစိုးဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၅,၀၀၀ ကိုသိဆည်းမိခဲ့သည်။

အလားတူ ထိုနေ့ ညနေ ၆ နာရီခွဲတွင်  မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ဒိုင်းဝန်ကွင်းလမ်းတွင် မနော်အိအိဖြိုးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်