မိတ္ထီလာတက္ကသိုလ် (၄၆)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

မိတ္ထီလာ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီးရှိ မိတ္ထီလာတက္ကသိုလ်၏ (၄၆)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ဇွန် ၂၂ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကား ပြောကြားပြီး  စာတမ်းရှင် ၁၄ ဦးက ဝိဇ္ဇာ၊ သိပ္ပံ သုတေသနစာတမ်းများကို ဖတ်ကြားကြသည်။

စာတမ်းဖတ်ပွဲ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ အဆိုပါ စာတမ်းဖတ်ပွဲတွင် အကောင်းဆုံး ဝိဇ္ဇာ၊ သိပ္ပံ သုတေသနဆု ရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)