မိတ္ထီလာတွင် Myanmar Idol  Season 4 အတွက် ပမာဏအသံစစ်ဆေးခြင်း ပြုလုပ်      

မိတ္ထီလာ ၁၈  ဇွန် 
         

မိတ္ထီလာတွင် Myanmar Idol Season 4 အတွက်  ပမာဏအသံစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့မရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံတွင် ပြုလုပ်ကြောင်း သိရသည်။
    

“ မိတ္ထီလာမှာ Myanmar Idol Season 4 အတွက် ပမာဏအသံစစ်ဆေးခြင်းကို လာရောက်ပြုလုပ်တာပါ။ မိတ္ထီလာပြီးရင် မုံရွာနဲ့ ရွှေဘိုကို ဆက်လက်သွားရောက်မှာပါ။ အဲဒါပြီးရင် မန္တလေးမှာ မိတ္ထီလာ ၊ မုံရွာနဲ့ ရွှေဘို ပြုလုပ်ခဲ့တဲ့ အသံစစ်ဆေးခြင်းကို အကဲဖြတ်ရွေးချယ်မှာပါ။ အဲဒီနောက် ပြည် ၊ ပျဉ်းမနား ၊ မော်လမြိုင် ၊ ပဲခူး ၊ ပုသိမ် မြို့များမှာ ပမာဏအသံ စစ်ဆေးခြင်းကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပမာဏအသံစစ်ဆေးခြင်းမှာ ပါဝင်အရွေးချယ်ခံတဲ့ လူငယ်တွေအနေနဲ့ လျှောက်လွှာပုံစံတွေကို အဲဒီနေရာမှာ အခမဲ့ ထုတ်ယူနိုင်ပြီး အသက် အရွယ်ကိုတော့ ၃၀ နှစ် အောက် ကန့်သတ်ထားပါတယ် ”ဟု Myanmar Idol အဖွဲ့သားတစ်ဦးဖြစ်သူ ကိုဆန်းလွင် က ပြောသည်။ 
   

မိတ္ထီလာတွင် Myanmar Idol Season 4 အတွက် ပမာဏအသံစစ်ဆေးရာသို့ မိတ္ထီလာ ၊ မလှိုင် ၊ ဝမ်းတွင်း ၊ သာစည် ၊ ပျော်ဘွယ် ၊ ရမည်းသင်း ၊ မြင်းခြံ နှင့် နီးစပ်ရာမြို့နယ်များမှ လူငယ်အမျိုးသား အမျိုးသမီးများ ဝင်ရောက် အရွေးချယ်ခံကြသည်။

 

ကလောမြို့နှင့် ပင်းတယမြို့များတွင် Myanmar Idol Season 4 အတွက်   ပမာဏအသံစစ်ဆေးခြင်းကို ဇွန် ၁၃ မှ ၁၄ အထိ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

 

ချမ်းသာ ( မိတ္ထီလာ)