မိတ္ထီလာတွင် သက်ကြီးဘိုးဘွား ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

မိတ္ထီလာ ၁၇ ဧပြီ

 


မိတ္ထီလာမြို့တွင် သက်ကြီးအဘိုးအဘွားများအား ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ကန်တော်မင်္ဂလာခန်းမနှင့် မိတ္ထီလာကန် အနီးတွင် ဧပြီ ၁၇ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၈ နာရီက ကျင်းပကြောင်း သိရသည်။

 


ရှေးဦးစွာ သက်ကြီးဘိုးဘွားပူဇော်ပွဲအား ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ရာ အသက် ၉၀ နှစ်အထက်သက်ကြီး အဘိုးအဘွား ၁၇၁ ဦးအနက် တက်ရောက်သူ အဘိုးအဘွား ၅၄ ဦးအား ကန်တော့ငွေ ငါးသောင်းကျပ်စီနှင် ဆေးဝါးများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  မြို့မိမြို့ဖများက ကန်တော့ကြသည်။

 


အသက်အရွယ်နှင့် ကျန်းမာရေးအရ သက်ကြီးပူဇော်ပွဲ မတက်ရောက်နိုင်သည့် ကျန်ရှိ အသက် ၉၀ နှစ်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ပူဇော် ကန်တော့မည်ဖြစ်သည်။ ဆက်လက်၍  ဇီဝိတဒါနငါးလွှတ်ပွဲကို အ.ထ.က ၁ အနီး မိတ္ထီလာကန်တွင် ကျင်းပပြုလုပ်ရာ ငါးကောင်ရေ ငါးသောင်းကျော်ကို အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ဇီဝိတဒါနအဖြစ် လွှတ်ပေးကြောင်း သိရသည်။ 

 


ချမ်းသာ (မိတ္ထီလာ)