မိုဘိုင်းဖုန်းအက်ပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာသတင်းပို့ခြင်း သင်တန်းဖွင့်လှစ်

စေတုတ္တရာ ၂၃ မေ    


    
Save The Children အဖွဲ့မှ စီစဉ်ကျင်းပသည့် မိုဘိုင်းဖုန်းအက်ပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာ သတင်းပို့ခြင်းသင်တန်းကို မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။


    
သင်တန်းတွင် စေတုတ္တရာမြို့ Save The Children အဖွဲ့အစည်းမှ ဒေါက်တာမျိုးသစ်ဦး (Project Coordinator)မှ မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာသတင်းပို့ခြင်း သင်တန်းကို ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် Save The Children အဖွဲ့ ကျန်းမာရေးစေတနာရှင် ဝန်ထမ်းများမှ မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုပုံများကို တက်ရောက်လာကြသည့် သင်တန်းသူ/သားများကို ရှင်းလင်းပြောကြားသည်။


    
အဆိုပါသင်တန်းကို စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)ရွာမှ သင်တန်းသား သင်တန်းသူ ၂၀ ယောက် တက်ရောက်ခဲ့ကြောင်းသိရသည်။

 

စည်သူလွင်(ပြန်/ဆက်)