မိုဘိုင်းဖုန်းအန္တရာယ် သတိပြုဖွယ်

၃၀ ဇွန်

လူမှုပတ်ဝန်းကျင်တွင် ဆက်သွယ်မှုများပိုမိုကောင်းမွန်လာစေရေးအတွက် လက်ကိုင်ဖုန်းများအား တီထွင်အသုံးပြုခဲ့ရာမှာ လွန်ခဲ့သော အနှစ် ၂၀ အတွင်း လက်ကိုင်ဖုန်းများအသုံးပြုမှု လျင်မြန်စွာတွင်ကျယ်လာခဲ့သည်။ လက်ကိုင်ဖုန်းအသုံးပြုမှုက ကမ္ဘာ့လူဦးရေအားလုံး၏ ၇၀ ရာခိုင်နှုန်းအထိ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ကမ္ဘာပေါ်တွင် လက်ကိုင်ဖုန်းအများဆုံးအသုံးပြုသည့်နိုင်ငံများမှာ ဩစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ဆွီဒင်နှင့် အင်္ဂလန်နိုင်ငံတို့ဖြစ်ကြောင်း တွေ ့ရှိရသည်။

ရေတို ရေရှည် ထိခိုက်မှုများဖြစ်ပေါ်

လက်ကိုင်ဖုန်းများအား သုံးစွဲရာမှ လက်ကိုင် ဖုန်းများမှထုတ်လွှတ်သည့်          လျှပ်စစ်သံလိုက် ရောင်ခြည်ဖြာထွက်မှုက သုံးစွဲသူများ၏ ကျန်းမာရေးအား  ထိခိုက်မှုများဖြစ်ပေါ်စေကြောင်း  သိရှိလာခဲ့ကြ၍ ၂၀၁၁ ခုနှစ် မေလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က    ရောင်ခြည်ဖြာထွက်မှုမှ    လူတို့တွင်  ကင်ဆာရောဂါဖြစ်နိုင်ကြောင်း    အတည်ပြုပြော ကြားခဲ့သည်။

လက်ကိုင်ဖုန်းများမှ            ထုတ်လွှတ်သော ရောင်ခြည်များတွင် ဇီဝဆိုင်ရာအကျိုးသက်ရောက် မှုများအနေဖြင့်  နှစ်မျိုးနှစ်စားပါရှိ၍  အပူဓာတ် ပါဝင်သော  အကျိုးသက်ရောက်မှုနှင့်  အပူဓာတ် မပါဝင်သော အကျိုးသက်ရောက်မှုတို့ဖြစ်ကြောင်း တွေ့ရှိရသည်။ အပူဓာတ်ပါဝင်သော အကျိုးသက် ရောက်မှုတွင် ရောင်ခြည်တွင်ပါရှိသည့် အပူဓာတ်အား ဖုန်းအသုံးပြုသူ၏ ကိုယ်ခန္ဓာမှ စုပ်ယူထားမှု ကြောင့် ဦးခေါင်းပိုင်းနှင့် ကိုယ်ခန္ဓာတွင် အပူချိန် မြင့်တက်လာသည်။ လက်ကိုင်ဖုန်းမှ ထွက်ရှိသော အပူဓာတ်မပါဝင်သည့်ရောင်ခြည်မှ      ကိုယ်ခန္ဓာ အတွင်းရှိ ဇီဝဆိုင်ရာဆဲလ်များအား အန္တရာယ်ဖြစ် ပေါ်စေရာတွင် ရေတိုနှင့် ရေရှည် ကာလနှစ်မျိုးစလုံးတွင်  အန္တရာယ်ဖြစ်စေ၍   ရေတိုကာလထိခိုက်မှုများအနေဖြင့်  အိပ်မပျော်ခြင်း၊  ခေါင်းကိုက်ခြင်း၊  မှတ်ဉာဏ်များပျောက်ဆုံးခြင်း၊ စိတ်ဓာတ်ကျဆင်း ခြင်းတို့အား ခံစားရပြီး ရေရှည်ထိခိုက်မှုများအနေဖြင့် ဦးနှောက်တွင် အကျိတ်အဖုများဖြစ်ပေါ်လာခြင်း၊  ကင်ဆာရောဂါဖြစ်ခြင်း၊  ကိုယ်ခန္ဓာအတွင်း ရှိ   “ဒီအင်န်အေ”   များပျက်စီးခြင်းတို့  ဖြစ်ပေါ်စေသည်။

အကြားအာရုံပျက်စီးစေ

စမတ်ဖုန်းနှင့်  အခြားအသံဆိုင်ရာ  ကိရိယာများ  အလွန်အကျွံအသုံးပြုမှုမှတစ်ဆင့်  လူငယ် တစ်ဘီလီယံကျော်သည် အကြားအာရုံပျက်စီးနိုင် ဖွယ်ရှိကြောင်း      ကုလသမဂ္ဂကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတိပေးခဲ့ပြီး အန္တရာယ်ကင်းသော အသံကျယ်နှုန်းကို စံသတ်မှတ်ရန် အကြံပြုခဲ့သည်။
အကြားအာရုံကို စောင့်ရှောက်ရန် ကြိုးပမ်းသည့်အနေဖြင့် WHO နှင့်  အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ (ITU) တို့က  အသံဆိုင်ရာ ကိရိယာများ ထုတ်လုပ်အသုံးပြုမှုအတွက် အကြံပြု စံနှုန်းတစ်ရပ်ကို  ထုတ်ပြန်ခဲ့သည်။  အထူးသဖြင့်  လူငယ်များသည် အန္တရာယ်ရှိသော နားထောင်မှု အလေ့အကျင့်များ ရှိတတ်ကြသည်။

“သီချင်းနားထောင်ပြီး လူငယ်တွေအကြား  အာရုံပျက်စီးနေတာမျိုးက ဆက်မဖြစ်သင့်ပါဘူး” ဟု WHO  ဥက္ကဋ္ဌ တေဒရိုအာဒါ နော်ဂီဘရီရေဆု က ပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့လူဦးရေ၏  ၅ ရာခိုင်နှုန်းဖြစ်သော ၄၆၆ သန်းခန့်သည် အကြားအာရုံဆုံးရှုံးမှုကို   ခံစားနေကြရသည်။  ထိုအထဲတွင် ကလေး ၃၄ သန်းလည်း ပါဝင်သည်။ အကြားအာရုံ ဆုံးရှုံးသူများထဲတွင်  အသံဆိုင်ရာကိရိယာများကို အန္တရာယ်ရှိသည်အထိ အသုံးပြုပြီး အကြားအာရုံ ပျက်စီးသူ မည်မျှပါဝင်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးဟု WHO က ဆိုသည်။

အသံအကျယ်နှုန်း      ၈၅  ဒက်စီဘယ်နှင့် အထက်ကို  ၈  နာရီကြာနားထောင်မှု  သို့မဟုတ်  ၁၀ဝ ဒက်စီဘယ်ကို ၁၅ မိနစ်နားထောင်မှုတို့သည်  အ္တရာယ်မကင်းဟု WHO  က သတ်မှတ်သည်။  အသံထက်      ကိရိယာများနှင့်      စနစ်များတွင် ဘေးကင်းမှုသတ်မှတ်ချက်စံအရ    အသံဆိုင်ရာ ကိရိယာအားလုံးတွင်        အသံကျယ်ပမာဏကို ကန့်သတ်သည့်ဆော့ဝဲ ထည့်ပေးရမည်ဖြစ်သည်။

ပဋိပက္ခများ လှုံ့ဆော်ရာနေရာ

စိတ်ကျန်းမာရေးအရ     ဆုံးဖြတ်ရန်ခက်ခဲ သော်လည်း ဖေ့စ်ဘုတ်လူမှုကွန်ရက်သည် မိမိတို့ နိုင်ငံတွင်တော့ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးနှင့်  ကျန်းမာရေးတို့မှစကာ      အရေးကိစ္စအားလုံးတို့ တိုင်တန်းရာ၊ ဖော်ထုတ်ရာ၊ မကျေနပ်ချက်တို့အား  ဟစ်တိုင်ပြုအသုံးချရာ၊      ဝါဒဖြန့်မှုနှင့်      ပဋိပက္ခများ  လှုံ့ဆော်ရာအဖြစ် အသုံးဝင်နေသည်ကတော့ အမှန်ဖြစ်ပေသည်။

လူမှုကွန်ရက် ဖေ့စ်ဘုတ်သည် ၂၀၁၀ ပြည့်နှစ်မှ  လက်ရှိအချိန်အထိ  ရှစ်နှစ်ခန့်ကာလအတွင်း ပိုမိုကြီးမားကျယ်ပြန့်လာကာ ထုတ်ပြန်ချက်အချို့အရ      ဖေ့စ်ဘုတ်ကို    အမြဲတစေသုံးစွဲသူ  လစဉ် နှစ်ဘီလီယံခန့်ရှိနေသည်ဟု   သိရသည်။   လူမှုကွန်ရက်၏  လွှမ်းမိုးမှုမှာလည်း  ကမ္ဘာနှင့်အဝန်း ကြောက်စရာကောင်းသည့်  အခြေအနေသို့ပင် ရောက်ရှိနေခဲ့ပြီဟု  ကဏ္ဍအသီးသီးမှ   မှတ်ချက် ပြုရသည်။  ဖေ့စ်ဘုတ်သည်   လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် လူ့အဖွဲ့အစည်းအတွင်း ပြဿနာ များစွာဖြစ်စေသော အခြေအနေများ ရှိနေသည်မှာလည်း အမှန်ပင်ဖြစ်နေသည်။ ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့်မှု (Cyber Bullying) နှင့်      အမုန်းစကားများလှုံ့ဆော်မှု (Hate Speech)  တို့ကို   ဖေ့စ်ဘုတ်အနေဖြင့်  နိုင်နင်းစွာထိန်းချုပ်နိုင်မှုမရှိခြင်းက လူ့အဖွဲ့အစည်းအတွင်း  ကြီးမားသောပြဿနာတစ်ရပ်  ဖြစ်နေ စေသည်။

၂၀၂၀      ရွေးကောက်ပွဲကာလမတိုင်မီတွင် အမုန်းစကားဖြန့်ချိမှုများနှင့်    သွေးထိုးလှုံ့ဆော်မှုများ  မြင့်တက်လာမည်ကို  စိုးရိမ်ခြင်းကြောင့် မြန်မာနှင့်  သက်ဆိုင်သော      အကောင့်များနှင့် စာမျက်နှာများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားရန်  ဖေ့စ်ဘုတ်က  စီစဉ်နေပြီဖြစ်ကြောင်းလည်း သိရသည်။  

ယင်းသို့    စောင့်ကြည့်စစ်ဆေးရန်အတွက်  လက်ရှိတွင်  မြန်မာဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သော မြန်မာဝန်ထမ်းပေါင်း ၉၉  ဦးကို  အလုပ်ခန့်ထားပြီဖြစ်သည့်အပြင်  မကြာမီတွင်  လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင်များကိုလည်း ယင်းအဖွဲ့အတွင်း ထပ်မံပေါင်းစည်းတာဝန် ပေးသွားမည်ဟု ဖေ့စ်ဘုတ်က ထုတ်ပြန်ထားသည်။

လူတစ်ဦးချင်း မိုဘိုင်းဖုန်းသုံးစွဲမှုနှုန်းမြင့်လာခြင်းနှင့်အတူ  မြန်မာနိုင်ငံ၏  အင်တာနက်သုံးစွဲမှု နှုန်းသည်လည်း  ငါးနှစ်တာအတွင်း  မြန်ဆန်စွာ တိုးတက်မြင့်မားလာခဲ့သည်။ သို့ရာတွင် ဖေ့စ်ဘုတ်သည်    လှုံ့ဆော်မှုများ၊    အမုန်းစကားများပျံ့နှံ့မှုအပေါ်      ထိန်းချုပ်ရန်    ကြိုးစားလိုမှုနှင့်    ၂၀၂၀  ရွေးကောက်ပွဲဆိုင်ရာ ဖြစ်လာနိုင်ခြေများကို အကဲဖြတ်သုံးသပ်ရန်  ကြိုးစားမှုများက  သတိပြုစရာ အကြောင်းအရာ ဖြစ်နေသည်။

အသက်ကိုဉာဏ်စောင့်

လူမှုကွန်ရက်    သို့မဟုတ်    လူမှုမီဒီယာဟု  မြန်မာမှုပြုကြသည့်  အင်တာနက်အလွန်အကျွံ သုံးစွဲမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ကမောက်ကမ ဖြစ်မှုတို့ ဆက်စပ်လျက်ရှိကြောင်း  ဗြိတိန်နိုင်ငံ၏  စစ်တမ်းတစ်ရပ်အရ    သိရပေရာ    မိမိတို့နိုင်ငံ၌ ယင်းသို့စစ်တမ်းပြုမှုမရှိသေးသော်လည်း  အင်တာ နက်သုံးစွဲသူ များပြားလာသည်ဖြစ်၍   သတိပြုသင့် သည်ဟု ဆိုရမည်ဖြစ်သည်။

ဗြိတိန်    ပြည်သူ့ကျန်းမာရေးဆိုင်ရာအဖွဲ့၏ စစ်တမ်းအရ  အသက်  ၁၄  နှစ်နှင့်  ၂၄  နှစ်ကြား အရွယ်ရှိ  ဗြိတိန်နိုင်ငံသားများသည်  ၄င်းတို့၏ ကျန်းမာရေးအပေါ် Facebook ၊ Instagram ၊Snapchat နှင့် Twitter တို့က အန္တရာယ်ဖြစ်စေသော  သက်ရောက်မှုရှိသည်ဟု ယုံကြည်ကြောင်း ဆိုပေသည်။

လူမှုကွန်ရက်နည်းတူ စမတ်ဖုန်းဟုခေါ်သည့်  မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍ ပညာရှင်များ မကြာခဏ သတိပေးထောက်ပြမှုတို့ရှိနေရာ စမတ် ဖုန်းအလွန်အကျွံသုံးစွဲခြင်းကြောင့်လည်း အိပ်စက်မှု၊        အိပ်ချိန်ကို      အနှောင့်အယှက်ဖြစ်စေခြင်း၊ စိတ်ဖိစီးမှုဖြစ်စေခြင်း၊  မျက်ကြည်လွှာထိခိုက်စေခြင်း၊      စိတ်မရှိသည့်အပြုအမူ    (စိတ်ဆတ်ခြင်း၊  အလွယ်တကူဒေါသဖြစ်ခြင်း စသည်)များ ပြုလုပ်တတ်ခြင်း၊  အကြောထုံးခြင်းနှင့်  ကြွက်သားများ  ရောင်ရမ်းကိုက်ခဲခြင်းတို့အပြင်  ခေါင်းကိုက်ခြင်း တို့ကိုလည်း  ဖြစ်စေနိုင်သည်ဟု  သတိပေးထား သည်ကို တွေ့ရသည်။

နည်းပညာရေစီးနှင့် ခေတ်ကာလအခြေအနေတို့အရ    လက်လှမ်းမီအောင်    သုံးစွဲကြရမည်ဆို သော်ငြား ဖြစ်သင့်သည်ထက်  အလွန်အကျွံပြုမူခြင်း၊  အစွန်းရောက်သုံးစွဲခြင်းတို့သည်  ဘေးဖြစ်မည်က သေချာသည်။ လူမှုမီဒီယာများ သုံးစွဲရာ၌ဖြစ်စေ၊ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ စသည်တို့ကို သုံးစွဲရာ၌ဖြစ်စေ အသက်ကိုဉာဏ်စောင့်ဟူသည့် စကားကို  သတိမူကာ  ကိုယ်စိတ်ကျန်းမာရေး  မထိခိုက် ကြစေရေး      သတိပြုဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။       ။

မေယု-မျိုးအောင်(MANA)