မိုးစပါး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်း

မြန်အောင် ဇွန် ၂၄

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် တာခွတဲကြီးကုန်း ကျေးရွာအုပ်စု တောင်သူ ဦးသန်းထွဋ်၏ လယ်မြေ ကွင်းအမှတ်(၂၅၀) ဦးပိုင်အမှတ်(၁၄၄/၁)တွင် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ  ထည့်သွင်းသည်။

 

မြန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမြေဆီ လွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ဧက ၃၄၀၀ စိုက်ပျိုးထားရှိရာ ယနေ့အထိ ကျေးရွာအုပ်စု ၂၃ အုပ်စုရှိ တောင်သူ ၂၂၇ ဦး၏ လယ်မြေ ၂၆၈ ဧကတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) ထည့်သွင်းပြီးကြောင်း သိရသည်။ 

ဝင်းဗိုလ်(ပြန်/ဆက်)