မိုးကောင်းမြို့နယ် တောင်နီကျေးရွာ၌ ချောင်းကမ်းပါးနံရံမှ စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

မိုးကောင်း  ၁၉  မေ 

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီကျေးရွာ၌ မေ ၁၉ ရက်မွန်းလွဲ ၁၂ နာရီခွဲက ကျေးရွာသားတစ်ဦး လယ်တဲမိုးရန် ရေစိမ်ထားသည့် ရုံးပြစ်များဆယ်ယူရာမှ ချောင်းကမ်းပါးနံရံတွင် စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာနေ၊ ဦးဝင်းမြင့်(၅၃ နှစ်)သည် ကျေးရွာအနီးရှိ ညောင်ပင်ချောင်းအတွင်း လယ်တဲမိုးရန်ရေစိမ်ထားသည့် ရုံးပြစ်များဆယ်ယူနေစဉ် ချောင်းကမ်းပါးနံရံတွင် စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးကို တွေ့ရှိခဲ့၍ တောင်နီကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပို့ခဲ့သည်။

 

မွန်းလွဲ ၁ နာရီခန့်တွင် ပင်းဘောနယ်မြေရဲစခန်းမှူး ရဲအုပ် လှမင်းပြည့်နှင့် တောင်နီကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုရာ အရှည်နှစ်ပေလေးလက်မခန့်၊ ထိပ်ဖူးအကျယ်သုံးလက်မ၊ နောက်ပိတ်အကျယ်ငါးလက်မခန့်ရှိ သံချေးတက်နေသည့် စစ်ကျန် ဗုံးသီးဟောင်းတစ်လုံးကို တွေ့ရှိခဲ့၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သယ်ဆောင်ထိန်းသိမ်းထားရှိကာ သက်ဆိုင်ရာနယ်မြေခံတပ်သို့ အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)