မိုးကောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၇ ဇူလိုင် 


     
နမ္မတီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၆ ရက် နံနက် ၇ နာရီ မိနစ် ၂၀ က မိုးကောင်းမြို့နယ် ကံလှကျေးရွာနေ ထွန်းမောင်(ခ)မောင်မဲ၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အိုက်ခမ်း(ခ)မောင်အိုက်အား တွေ့ရှိရပြီး ဘိန်းဖြူ ၄၅ ဒသမ ၄ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၈၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းမောင်(ခ)မောင်မဲနှင့် အိုက်ခမ်း(ခ)မောင်အိုက် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ကိုရဲ