မျိုးချစ်စိတ်ရှိကြရန် လွတ်လပ်ရေးနေ့အခမ်းအနား၌ အမေရိကန် သမ္မတထရမ့် ပြောကြား

ဝါရှင်တန်   ၆   ဇူလိုင်

လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမေရိကန်သမ္မတထရမ့်က မျိုးချစ်စိတ်ရှိကြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဝါရှင်တန်၌ ဇူလိုင် ၄ ရက်က ကျင်းပခဲ့သည်။ ယနေ့ခေတ် အမေရိကန်သည် အကြီးကျယ်ဆုံး ၊ အထူးခြားဆုံးနှင့် အကောင်းမွန်ဆုံးအဖြစ်ရပ်တည်နေကြောင်း ထရမ့်ကပြောကြားခဲ့သည်။ ပြည်သူများစည်းလုံး ညီညွတ်ကြရန်နှင့် နိုင်ငံ၏ကြီးမြတ်သော အမွေအနှစ်များကို တိုင်းပြည်အတွင်း နေထိုင်ကြသည့် ပြည်သူများ ပိုင်ဆိုင်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။

သမ္မတထရမ့်နှင့် ထောက်ခံသူများသည် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှ စစ်လေယာဉ်များ ဂုဏ်ပြု ပျံသန်းမှုကို ကြည့်ရှုခဲ့ကြသည်။ အမေရိကန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး မကြာသေးမီ ရက်ပိုင်းအတွင်း ကူးစက်မှုအသစ် ၅၀၀၀၀ နီးပါး တွေ့ရှိခဲ့ရသည်။ ကိုဗစ်-၁၉ ကူးစက်မှုပျံ့နှံ့မည်ကို စိုးရိမ်သောကြောင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ချီတက်ပွဲကို ဖျက်သိမ်းထားရသည်။ နိုင်ငံတစ်ဝန်း အခြားသော ပွဲလမ်းသဘင်များကိုလည်း ဖျက်သိမ်းထားရသည်။

ဝါရှင်တန်မြို့အပါအဝင် အခြားသောမြို့ကြီးများတွင်လည်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများမှာ ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့သည်။

အင်န်အိတ်ချ်ကေ