“မိုခါ”(MOCHA)ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည့် ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်

နေပြည်တော် မေ ၁၃

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်း ကော်မတီသည် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အခြေအနေအရ မိုခါ ” (MOCHA) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်ကြောင်း သိရှိရချိန်မှစ၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုကိုခံယူကာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင် သည့်ဒေသများသို့ ဆေးဝါးများ၊ စားရေရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများကို လေယာဉ်၊ မော်တော်ယာဉ်တို့ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

 

ယနေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်လိုသည့် လူသုံးကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်း ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးဌာနခွဲမှ ကုန်တင်ယာဉ် (၂)စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)