မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် LING JIOU MOUNTAIN(H.K) BUDDHIST SOCIETY LIMITED နှင့် WHITE JADE WANG INTERPRISE CO.,LTD တို့မှ အလှူငွေပေးအပ်

 

 

နေပြည်တော်   ဇူလိုင်   

 

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများမှ သာသနိကအဆောက်အဦများ ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် LING  JIOU MOUNTAIN (H.K) BUDDHIST SOCIETY LIMITED နှင့် WHITE JADE WANG INTERPRISE CO.,LTD တို့မှ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။

 

အခမ်းအနားတွင် WHITE JADE WANG INTERPRISE CO.,LTD မှ Managing Director ဦးတင်ဆန်းမြင့်က မြန်မာနိုင်ငံအတွင်း မိုခါမုန်တိုင်းဒဏ် သင့်ခဲ့သည့်ဒေသများမှ သာသနိက အဆောက်အဦများအား ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လင်ဂျူးတောင်ဆရာတော်ကြီး၏ ဆန္ဒအရ အလှူငွေကျပ် သိန်း ၂၀၀ လာရောက်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကာလဒါနဖြစ်၍ ကုသိုလ်အထူးရ ပါကြောင်းနှင့် အလှူငွေများကို လိုအပ်သောနေရာ၊ လှူဒါန်းလိုသောနေရာသို့ အရောက်ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် LING  JIOU MOUNTAIN (H.K) BUDDHIST SOCIETY LIMITED မှ အလှူငွေကျပ် သိန်း ၁၀၀ နှင့် WHITE JADE WANG INTERPRISE CO.,LTD တို့မှ အလှူငွေကျပ်သိန်း ၁၀၀ စုစုပေါင်း အလှူငွေကျပ် သိန်း ၂၀၀ ကို WHITE JADE WANG INTERPRISE CO.,LTD မှ Managing Director က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

(သတင်းစဉ်)