မိုခါမုန်တိုင်းမိုးဖြင့်စိုက်ပျိုးထားသည့် မြေပဲများနှင့် နှမ်းလျင်များ နောက်မိုးရွာသွန်းခြင်းနှင့်အတူ ပေါက်အားကောင်းနေ

ညောင်ဦး ဇွန် ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့ရှိ တောင်သူများ မိုခါမုန်တိုင်း မိုးရွာသွန်းချိန်က စိုက်ပျိုးထားသော မြေပဲနှင့် နှမ်းလျင် စိုက်ပျိုးတောင်သူများ နောက်မိုးရွာသွန်းမှု ကောင်းခြင်းနှင့်အတူ အပင်များ ပေါက်အားကောင်းပြီး ထွားကျိုင်းသန်းမာကာ နှုတ်သိမ်းချိန် အထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေကြောင်း မြေပဲနှင့်နှမ်းလျင် စိုက်တောင်သူများထံမှ သိရှိရသည်။

 

ယခုစိုက်ပျိုးထားသည့် မြေပဲ(ခြောက်လမြေပဲ)နှင့် နှမ်းလျင်များသည် တစ်လပြည့်ပြီ ဖြစ်ကြောင်း၊ ရက်ပေါင်း ၇၀ ပြည့်လျှင် မြေပဲများ အပွင့်ပွင့်ပြီး အဆွယ်ချကာ ဥစတင်ဥကြောင်း၊ နှမ်းလျင်နှမ်းများလည်း တစ်လခွဲရှိလျှင် အပွင့်ပွင့်ကာ ရက် ၇၀ ပြည့်လျှင် အသီးများ ရင့်မှည့်ကြောင်း၊ မြေပဲပေါင်းသင်ခနှင့် နှမ်းပေါင်းသင်ခကိုတော့ တစ်ရက်လျှင် လုပ်အားခ ၃၀၀၀ ကျပ် ပေးရကြောင်း ငါ့သရောက်မြို့ ဆင်သားမွေးကျေးရွာ နှမ်းစိုက်တောင်သူ ဒေါ်ဆွေက ပြောပြသည်။

 

ဒီပါလင်း