မိုးကြိုးစက်ကွင်းမိ၍ လူနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ခိုင်းနွားနှစ်ကောင် သေဆုံးမှု မိုးညှင်းမြို့နယ်၌ ဖြစ်ပွား

မိုးညှင်း  ၂၅  ဇွန်

 

မိုးညှင်းမြို့နယ် နန်းမားမြို့ တောင်အင်းကျေးရွာ၌ ယမန်နေ့ညနေ ၄ နာရီခွဲက မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်သဖြင့် လူ နှစ် ဦးနှင့် ခိုင်းနွား နှစ်ကောင် စက်ကွင်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တောင်အင်းကျေးရွာအုပ်စု ကွင်းအမှတ် ၂၅၇ ရှိ လယ်တောတဲပေါ်တွင် နေထိုင်ကြသည့် ဦးသိန်းဝင်း နှင့် တစ်ရပ်ကွက်တည်းနေ မောင်ဝေဇင်အောင်တို့နှစ်ဦးသည် တဲပေါ်တွင် ရှိနေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်သဖြင့် မိုးကြိုးစက်ကွင်းမိ၍ နန်းမားတိုက်နယ်ဆေးရုံသို့ (မစိုးရိမ်ရ) လူနာအဖြစ် ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် တဲအောက်တွင် ချည်ထားသည့်ခိုင်းနွား ၂ ကောင်မှာ အဆိုပါ မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)