မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀) စိုက်နည်းစနစ်ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းဆင်းကြည့်ရှု

ချောင်းဦး ၂၁ ဇွန်   


      
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ဘူတာကျေးရွာ တောင်သူ ဦးဖိုးချို၏ စိုက်ကွက်တွင် စိုက်ပျိုးထားသော မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀) စိုက်နည်းစနစ်ယှဉ်ပြိုင်စမ်းသပ်ကွက်ကို  ဇွန် ၂၁ ရက်  နံနက်  ၈ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀) စိုက်နည်းစနစ် ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ကွင်းဆင်းစစ်ဆေး၍ စမ်းသပ်စိုက်ပျိုးထားသည့်  မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀) အပင်ဖြစ်ထွန်းမှု လက္ခဏာများနှင့် အထွက်နှုန်း မိတ်ဖက် လက္ခဏာများအား မှတ်တမ်းကောက်ယူခြင်း၊ တောင်သူများအား မျိုးကောင်းမျိုးသန့် သုံးစွဲရေး နည်းပညာပေးဆွေးနွေးခြင်း လုပ်ငန်းများကို တက်ရောက်လာကြသည့် ဘူတာကျေးရွာရှိ တောင်သူများအား အသေးစိတ်ရှင်းလင်းဖြေကြားခဲ့သည်။

 

ကွင်းဆင်းရာသို့  မြို့နယ်စိုက်ပျိုးရေးဦးစီမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ၊ ဘူတာဆယ်မာအူးလ် အွန်ဒုံကျေးရွာရှိ တောင်သူ(၇၅)ဦး တက်ရောက်ကြောင်း သိရှိရသည်။

 

အိအိအောင် (ချောင်းဦး)