မြို့ကွင်းငဝန်မြစ်ကူး မီးရထားတံတား ပြုပြင်လဲလှယ်ခြင်း ၉၀ ရာနှုန်းပြီးစီး၍ စတင်ဖြတ်သန်းသွားလာ

အင်္ဂပူ       ဇူလိုင်        ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကုန်း‌ကျေးရွာရှိ မြို့ကွင်းငဝန်မြစ်ကူး မီးရထားတံတား အောက်ခံဆင့်တုံးများ၊ တံတားကြမ်းခင်းများ ပြုပြင်ခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများမှာ ၉၀ ရာခိုင်နှုန်းပြီးစီး၍ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းစတင်ပြီး မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့‌ကြောင်း သိရသည်။

 

အဆိုပါ မြို့ကွင်းငဝန်မြစ်ကူး မီးရထားတံတား (အဟောင်း)ကို ၁၉၀၅ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ကြောင်း၊ တံတားအရှည်မှာ ၁၀၅၃ ပေ၊  အကျယ် ၁၁ ပေ၊ သံဘောင်ကွန်ကူရစ်တံတားဖြစ်ပြီး အောက်ခံဆင့်တုံးများ၊ တံတားကြမ်းခင်းများ ပြုပြင်ခြင်း၊ လဲလှယ်ခြင်းတို့ကို မြန်မာ့မီးရထား တိုင်းအမှတ်(၉)၊ ဟင်္သာတက ဆောင်ရွက်ခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၂၀ ရက်အထိ မော်တော်ယာဉ်များအား ယာယီဖြတ်သန်း သွားလာခွင့်ပြုမည်ဖြစ်ပြီး ဩဂုတ်၂၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ အချောသတ်ပြုပြင်သွားမည်ဖြစ်ကာ လုပ်ငန်းများပြီးစီးပါက အပြီးသတ်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မန်းကျော်(ပြန်/ဆက်)