မိုးကုတ်၊ ရပ်စောက်နှင့် မအူပင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၁၀ ရက် နံနက် ၁၁ နာရီခွဲတွင် မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ကျေးရွာအုပ်စု၊ ကျပ်ပြင် ကျေးရွာရှိ နေအောင်(ခ)ရှမ်းလေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၆ နာရီခွဲတွင် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လပ်ကျားကြီး ကျေးရွာရှိ ခတ္ထိယစစ်ဆေးရေးဂိတ်တွင် Belta အမျိုးအစား အငှားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း။

ဇူလိုင် ၉ ရက် ညနေ ၆ နာရီခွဲတွင်  ရပ်စောက်မြို့၊ အုတ်တံတားရပ်ကွက်၊ ရွှေညောင်-ရပ်စောက်သွားကားလမ်းတွင် အိုက်နီကြီး(ခ)ကလိန္တ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် အောင်ကိုလတ်(ခ)ညီလေး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား