မိုးကုတ်မြို့နယ်တွင် မြေသားများပြိုကျပိမိ၍ ကျောက်ရှာဖွေနေသူ ၂ သေဆုံး

နေပြည်တော်   ဩဂုတ်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျောက်ဆင်ကျေးရွာနေ ဇင်မောင်စိုး(၂၅)နှစ်နှင့် သိန်းနိုင်စိုး(၃၀)နှစ်တို့သည် ဩဂုတ် ရက်နေ့ ညနေ နာရီခွဲအချိန်တွင် အဆိုပါကျေးရွာအနီးရှိ တောင်ကြီးကျောက်မျက် တူးဖော်ရေးကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း၌ ကျောက်ရှာဖွေနေစဉ် အမြင့် ပေ ၃၀ ခန့်ရှိ ကမ်းပါးယံမှ မြေသားများပြိုကျပိမိ၍ သေဆုံးသွားခဲ့သောကြောင့် ၎င်းတို့ ဦးအား ကျပ်ပြင်နယ်မြေရဲစခန်း၌ သေမှုသေခင်းရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

(သတင်းစဉ်)