မိုးကုတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

 

မိုးကုတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ လယ်ကြီး ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းလုံမှ မိုးကုတ်ဘက်သို့ ထွန်းလင်းထက် မောင်းနှင်ပြီး ကျော်ရင်လိုက်ပါလာသည့် NISSAN DIESEL ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၄၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၂ ဦးကို  ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

 

သတင်းစဉ်