မိုးမောက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

မိုးမောက် ဇူလိုင် ၂၄

 

မိုးမောက်မြိုနယ်၊ ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး  SARA- COV-2 Vaccine (Vem Cell) ထိုးနှံခြင်းကို ဇူလိုင် ၂၄ ရက် နံနက် (၁၀) နာရီက  ခေတ္တမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး မံစီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာမင်းသန့်နှင့် မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဦးဆန်းနိုင်တို့၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခဲ့သည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး SARA- COV-2 Vaccine (Vem Cell) ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းနိုင်က လိုအပ်နေသည့် အချိန်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းဖြစ်သည့်အတွက် ကောင်းမွန်ပါကြောင်း၊ ယခုအချိန်တွင် ကျန်းမာရေးအသိ ကျန်းမာရေးသတိနှင့် နေထိုင်ရန် ပြောကြားပြီး ကျန်းမာရေဝန်ထမ်း () ဦး၊ ပညာရေးဝန်ထမ်း () ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ကျန်းမာရေးဝန်ထမ်း () ဦး၊ ပညာရေးဝန်ထမ်း () ဦးအား ဇွန် ၂၅ ရက်တွင် ပထမအကြိမ် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် ပြန်လည်ထိုးနှံရာတွင် ပညာရေးဝန်ထမ်း () ဦးက ကျန်းမာရေး မကောင်းပါသဖြင့် ရက်ရွှေ့ဆိုင်း၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် လွယ်ဂျယ်မြို့တွင် (၁၆) ဦး၊ ဒေါ့ဖုန်းယန်မြို့တွင် (၁၀) ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းနိုင်ထံမှ သိရှိရသည်။

 

မြို့နယ် (ပြန်/ဆက်)