မိုးမောက်မြို့နယ် မိုင်းခတ်ကျေးရွာတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

မိုးမောက်   ၁၆  ဇန်နဝါရီ 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၌ ဇန်နဝါရီ ၁၅ ရက် ညနေ(၇)နာရီခွဲတွင် မူးယစ်တပ်စုမှ ရဲအုပ်ခါးလီ ဦးစီးအဖွဲ့နှင့် မြို့သစ်နယ်မြေရဲစခန်းမှ ဒုရဲအုပ်တင်ထွန်းဦး ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ မိုးမောက်မြို့နယ် မိုင်းခတ်ကျေးရွာနေသူ မတင်ရွှေ(၃၃နှစ်) တောင်သူ၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၄င်းနှင့်အတူ မခင်မေ(၃၅ နှစ်) တောင်သူ စီဟတ်ကျေးရွာ မိုးမောက်မြို့နယ်နေသူတို့အား တွေ့ရှိရပြီး မခင်မေမှ အထုပ်တစ်ထုပ်အား နေအိမ်ခြံဝင်းအတွင်း အိမ်နောက်ဘက်စိုက်ခင်းထဲသို့ လွှင့်ပစ်လိုက်သည်ကို တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ WY စာတန်းပါ ပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ အားလည်းကောင်း ၊


မတင်ရွှေ၏ အဝတ်ဘီရိုအတွင်းမှ ၄င်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်(၁)ခု၊ မူးယစ်ဆေးဝါး ရောင်းချရငွေ ဟုယူဆရသော မြန်မာငွေကျပ် ၂၀ဝ၀ဝ၀၊ မတင်ရွှေ၏ လက်ထဲမှ အပြာရောင် လက်ကိုင် ဖုန်း (၁)လုံးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိပြီး ည(၈)နာရီတွင် ခင်မေ၏ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ် တွင် မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ၄င်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁)ခုနှင့် ယစ်ဆေးဝါးရောင်းချရငွေ ဟုယူဆရသော မြန်မာငွေကျပ် ၃၀ဝ၀ဝ၀ တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။


ဖမ်းဆီရမိသော တရာခံ(၂)ဦးအား စစ်ဆေးရာ လွန်ခဲ့သော(၁)လ ကျော်ခန့်က စီဟတ်ကျေးရွာ တံတားအနီးတွင် အမည်/ နေရပ်လိပ်စာမသိ အသက်(၅၀နှစ်)ခန့် ရှိရှမ်းအမျိုးသားထံမှ ဆေးပြား(၂၀ဝ) ပါ(၁၀)ထုပ်အား ၄၃၀ဝ၀ဝ ကျပ်ဖြင့် ၄င်းတို့(၂)ဦး အတူရောင်းချရန်ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရှိရသည်။


ထို့ကြောင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ နှစ်ဦးအား မြို့သစ်နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည်။


မြမြရင်