မိုးမောက်မြို့နယ်၊ တောင်ငူမြို့နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၁၂  မတ် 
 

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၉ ရက်က မိုးမောက်မြို့နယ်၊ နောင်းကွမ်းကျေးရွာအတွင်း တရားမဝင် သစ်စက်အင်ဂျင်(၅)လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်သစ်မျိုးစုံ (၁၉၇)လုံး/ခြမ်း၊ (၆၈ဒသမ၄၃၂)တန်၊  ပြစ်မှုကျူးလွန်သူ (၆)ဦးအားလည်းကောင်း။

 


အလားတူ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကပစ(၁၉)မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်း တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ မတ် ၁၁ ရက်တွင် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးလုံး/ခြမ်း/ချောင်း (၇၀၆)လုံး/ခြမ်း/ချောင်း (၉၆ဒသမ၅၅၁၆)တန်အားဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန မှ သိရသည်။ 

 


မောင်လူမော်

 

gh