မိုးမိတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

မိုးမိတ်   ဧပြီ ၂၇ ရက်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ် ဒိုးပင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ဧပြီ ၂၆ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ရွှေညောင်ပင်ကျေးရွာတွင် မိုးသီးမှန်ခြင်း၊ ‌လေပြင်းတိုက်ခြင်းဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၃၇)စု အမိုးလန် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ ရွှေညောင်ပင်ကျေးရွာ ရပ်ကျေးစာရေးဖြစ်သူ ဦးအောင်မျိုးမင်းထံ အိမ်ထောင်စု (၃၇)အိမ်စုအတွက် (၅၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၈၅၀၀၀၀)ကျပ်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည်သူများအနေဖြင့် သဘာဝေဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်းနှင့် ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

မိုးမိတ်သား(ခရိုင်ပြန်/ဆက်)