မိုးမိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၉  မတ်

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီက  မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာအနီး မိုးကုတ်-မိုးမိတ်-တွင်းငယ် ကားလမ်းတွင် တွမ်ပီဟွေး(ခ)အောင်အောင် မောင်းနှင်လာသည့် LANDCRUISER အမျိုးအစား မော်တော်ယာဉ် ရောက်ရှိလာ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် ကားလမ်း၏ယာဘက်အခြမ်း တောစပ်သို့မောင်းနှင် ထွက်ပြေးသွားသဖြင့် ပိတ်ဆို့ဖမ်းဆီးစဉ် မော်တော်ယာဉ်မှာ ရေချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားသည်။

ယင်းနောက် ရေချောင်းအတွင်းထိုးကျသွားသော ယာဉ်အားရှာဖွေရာ တွမ်ပီဟွေး (ခ) အောင်အောင်အား မော်တော်ယာဉ်နှင့်အတူတွေ့ရှိပြီး ယာဉ်၏နောက်ခန်း နှင့် ကြမ်းခင်း အောက်တို့မှ ဆပ်ပြာခွက် ၄၃၉ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၄ ဒသမ ၈၂၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆,ဝ၀ဝ နှင့် ငွေကျပ် ၅၀,ဝ၀ဝ တို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် တွမ်ပီဟွေး(ခ)အောင်အောင် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MDN