မိုးမိတ်မြို့နယ်တွင်  ဝါဆိုလပြည့်နေ့ ဆွမ်းလောင်းလှူပွဲ ကျင်းပ

မိုးမိတ်  ဇူလိုင် ၁၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ ဆွမ်းလောင်းလှူပွဲကို ဇူလိုင် ၁၂ ရက် နံနက်  ၆ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆွမ်းလောင်းလှူပွဲတွင် မိုးမိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော် သံဃာတော်များ၊ ရှင်သာမဏေများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ် စိုက်ပျိုးရေးရုံးထိပ်တွင် စုဝေးတော်မူပြီး မိုးမိတ်၊ မန်တုံလမ်းမကြီးအတိုင်း  လမ်းတစ်လျှောက် ကြွမြန်တော်မူကြရာ  စေတနာရှင် ၊အလှူရှင် မိဘပြည်သူများက ဆွမ်း ၊ ဟင်း နှင့် လှူဖွယ်ပစ္စည်း မျိုးစုံတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

 

မိုးမိတ်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်စဉ် ဝါဆိုလပြည့်နေ့ရောက်တိုင်း ဥပုဒ်သီတင်းဆောက်တည်ခြင်း၊ စုပေါင်းဆွမ်းလောင်းလှူခြင်းတို့ကို  ဆောင်ရွက်ကြပြီး အလှူဒါန ကုသိုလ်ကောင်းမှုပြုလုပ်ကြကြောင်း မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်ထွန်းထံမှ သိရသည်။

မိုးမိတ်သား(စည်သူဌေး)