မိုးမိတ်မြို့ရှိ သံဃာတော်များအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

မိုးမိတ်   ဇန်နဝါရီ   ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်ရှိ သံဃာတော်များအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက မိုးမိတ်မြို့ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပခဲ့သည်။

အဆိုပါလှူဒါန်းပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် ဌာနဆိုင်ရာများက မိုးမိတ်မြို့နယ်အတွင်း ဝါဆိုကြမည့် ရဟန်း ၃၁၈ ပါး၊ သာမဏေ ၅၄၈ ပါး၊ သီလရှင် ၁၀၃ ပါး စုစုပေါင်း ၉၆၉ ပါးတို့အား  ရှစ်ပါးလျှင် ဆန်တစ်အိတ်နှုန်းဖြင့် ဆန် ၁၂၂ အိတ်အား ကျောင်းများအရောက် ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူဌေး(ပြန်/ဆက်)