မိုးနဲမြို့နယ်၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

မိုးနဲ ဒီဇင်ဘာ ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်ပြပွဲနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ ပါဝင်သည့် နံရံကပ်စာစောင် ပြပွဲပြသခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ကျောင်းသား ကျောင်းသူများအနေဖြင့် အားလပ်သောအချိန်ကို ကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတများရရှိစေမည့် စာအုပ်စာပေများကို လည်းဖတ်ရှုလေ့လာပြီး သူငယ်ချင်းအချင်းချင်း ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်တတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိပြီး၊ အတွေးအခေါ်အသိအမြင်များ ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်တွင် အသုံးချတတ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စာအုပ်ပြပွဲတွင် သုတ/ရသစာအုပ်ပေါင်း ၂၀၀ ကျော်ကိုလည်းကောင်း၊ နံရံကပ်စာစောင်တွင် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်း၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းများ၊ အေးချမ်းသာယာပြည်မြန်မာ မှတ်တမ်းဓာတ်ပုံများကိုပြသဆောင်ရွက်ထားရှိရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)