မိုးနဲ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲပုပ်နှစ်ဧက ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ဇန်နဝါရီ ၂၇ ရက်က နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစိုင်းအောင်ပူး၏ လယ်မြေတွင် ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့်ဝန်ထမ်းများက ရေဆင်း-၁၅ ပဲပုပ်မျိုးစေ့ထုတ် နှစ်ဧကကို တောင်သူများနှင့်အတူ စိုက်ပျိုးပေးခဲ့ပြီး လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ ဓာတ်မြေဩဇာသုံးစွဲမှုတို့ကို နည်းပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


