မိုင်းဆင်ကျေးရွာချောင်းထဲ၌ ရေနစ်သေသူ အလောင်းတွေ့ရှိ

နမ္မတူ ၁၈ ဧပြီ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းဆင်ကျေးရွာအနီး နမ္မတူချောင်းထဲ၌ ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ရေနစ်သေဆုံးသူ အလောင်းတစ်လောင်း တွေ့ရှိကြောင်း မိုင်းဆင်ကျေးရွာနေ ဦးစံလူ၏ ပြောကြားချက်အရ သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီလ ၁၄ ရက်နေ့တွင် ရေနစ်သေဆုံးသူ မောင်မျိုးကျော်ဦးနှင့် သူငယ်ချင်းများ (၁၈)ယောက် ပါဝင်သောအဖွဲ့သည် မိုင်းတပ်ကျေးရွာအနီး ပိတ်ကလေးရေတံခွန်သို့ သွားရောက်လည်ပတ်ရာ နံနက် ၁၀ နာရီအချိန်ခန့်တွင် မောင်မျိုးကျော်ဦးမှ ရေတံခွန်ရေထဲသို့ နောက်ကျွမ်းပစ် ခုန်ဆင်းရာ နစ်မြုပ်ပျောက်ကွယ် သွားကြောင်း ရေနစ်မြုပ်သူ သူငယ်ချင်းများနှင့် ရေတံခွန်သွားရောက်လည်ပတ်သူ များ၏ ပြောကြားချက်အရ သိရသည်။

 

၎င်းကိုလေးရက်အကြာ ဧပြီ ၁၇ ရက် ညနေ (၂)နာရီ အချိန်ခန့်တွင် မိုင်းဆင်ကျေးရွာအနီး နမ္မတူချောင်းထဲတွင် ဆယ်ယူရရှိ၍ မေတ္တာရှင် ပရဟိတအသင်းအကူအညီဖြင့် နမ္မတူမြို့နယ် ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးကာ ညနေ (၅) နာရီ အချိန်ခန့်တွင် မြို့နယ်မီးသင်္ဂြိုဟ်စက်သို့ ပို့ဆောင် မီးသင်္ဂြိုဟ် ပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN

 

IMG_20