မိုင်းဆတ်မြို့မဈေး၌ ဈေးသူ/ဈေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ ရှောင်တခင် အခမဲ့စစ်ဆေးဆောင်ရွက်

မိုင်းဆတ် ဒီဇင်ဘာ   ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့မဈေး၌ ဈေးသူ/ဈေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ ရှောင်တခင် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၈)နာရီက  ကျန်းမာရေးဌာန၊ ဝန်ထမ်း များက RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းသက်သာစေရန် မြို့မဈေးအတွင်း ဈေးရောင်းချလျက်ရှိသည့် ဈေးသည်များနှင့် ဈေးဝယ်လာသူများအား ကျန်းမာရေးဝန်ထမ်းများက ဈေးသူ၊ ဈေးသားများအား  RDT Test Kit ဖြင့် ရှောင်တခင် အခမဲ့စစ်ဆေးပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာန၊ ဝန်ထမ်းများက ဈေးသည်များနှင့် ဈေးဝယ်လာသူ များလိုက်နာရမည့်အချက်များပါရှိသည့် လက်ကမ်းစာစောင်(၅၀၀)ကို အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးဆောင်ရွက်နေမှုအား နယ်မြေခံတပ်နယ်မှ ခေတ္တတပ်နယ်မှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်လင်းအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သူနှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)