မိုင်းဆတ်မြို့၌ စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန် ဖွင့်လှစ်  

မိုင်းဆတ် မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန်း(၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူဗဟိုပြု အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ၊ ပြည်သူများ အသိပညာ ဗဟုသုတရှာမှီးရာ ပြည်သူ့စာကြည့်တိုက်မှ စာကြည့်တိုက်မှူးများ အနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရန် စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါ စာကြည့်တိုက်အခြေခံဆင့်ပွားသင်တန်းအား မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ မိုင်းခုတ်မြို့၊ မုံးထမြို့မှ စာကြည့်တိုက်မှူးများအား နည်းပြ(၃)ဦးမှ မေလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ စာကြည့်တိုက်လုပ်ငန်းနှင့်စပ်လျဉ်း၍ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)